28 C
Yangon

ဆားလင်းကြီးရှိ မီးရှို့ခံ ကျေးရွာ အိမ်ထောင်စု ၉၃ စုကို အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ စားသောက်ကုန်များ လှူဒါန်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဒုတိယအကြိမ်အဖြစ် ဆားလင်းကြီးမြို့နယ် မီးရှို့ခံကျေးရွာ အိမ်ထောင်စု ၉၃ စုကို တစ်အိမ်ထောင်လျှင် ဒန်အိုး၁လုံး၊ဒယ်အိုး၁လုံး၊ဇလုံ ၂ လုံး၊ဇွန်း ၃ ချောင်း၊ဆီ ၅၀ သား၊ဆန် ၂ ပြည်နှုန်းလှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရသည်။

“ဆားလင်းကြီးမြို့နယ်ဟာဆိုရင် နေစဉ်နဲ့အမျှ စစ်ကြောင်းထိုးမီးရှို့ခံနေရပါတယ်။စစ်ကောင်စီရဲ့ ယုတ်မာမှုကိုအများဆုံးခံရသော မြို့လည်းဖြစ်ပါတယ်။ နေအိမ်ပေါင်းရာချီပျက်စီးဆုံးရှံးခဲ့ပါတယ်။ ဆားလင်းကြီးပြည်သူတွေမှာ လိုအပ်ချက်အခက်အခဲတွေ အများကြီးရှိနေပါသေးတယ်။ကွန်တော်တို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့အနေနဲ့ ပြည်တွင်းပြည်ပက အကူအညီနဲ့ တတ်နိုင်သလောက်ကူညီလှူဒါန်းပေးနေတာပါ။ဆက်လက်ပီးကူညီဖြည့်ဆည်းပေးနိုင်ဖို့ ပြည်တွင်းပြည်ပက အလှူရှင်တွေကို ဖိတ်ခေါ်အပ်ပါတယ်”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article