30 C
Yangon

မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းရှိရာ ဘုန်းကြီးကျောင်းနှင့်ကျေးရွာအပေါ်ကို ဒုတိယအကြိမ် တိုက်လေယာဉ်ဖြင့်ဗုံးကြဲ

Must read

မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းရှိရာ ဘုန်းကြီးကျောင်းနှင့်ကျေးရွာအပေါ်ကို ဒုတိယအကြိမ် တိုက်လေယာဉ်ဖြင့်ဗုံးကြဲ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်(၂)အတွင်းရှိ ပလိပ်ထွီကျေးရွာနှင့် စစ်ဘေးရှောင်စခန်းရှိရာ ဘုန်းကြီးကျောင်းနှင့်ကျေးရွာအပေါ် အကြမ်းဖက်စစ်တပ်က တိုက်လေယာဥ်ဖြင့် တိုက်ခိုက်မှု နှစ်ကြိမ်မြောက် ဆင်နွှဲခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်း၊ ပြန်ကြား‌ရေးနှင့်မှတ်တမ်းဌာနထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီခန့်က တိုက်ပွဲဖြစ် ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံး ကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ်များနှင့် ဘုန်းကြီးကျောင်းများ ပျက်စီးခဲ့ကြောင်း၊ အလားတူ နေ့လည် ၁၂ နာရီခန့်တွင်လည်း မင်းတပ်မြို့ပေါ်ရှိ အထိုင်ချတပ်စခန်းမှ ဟောင်ဝစ်ဇာ လက် နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါဗုံးကြဲ၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်(IDF) များကို ကူညီပေး သူများ နေထိုင်ရာ ဘုန်းကြီး ကျောင်းတစ်ကျောင်း၊ သိမ် ၁ ခုနှင့် လူနေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုသည် ဘာသာရေး အဆောက်အအုံကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ရုံသာမက အရပ်ဖက်စစ်ဘေးရှောင်ကူညီပေးသူများကို ရည်ရွယ်ချက်ရှိရှိ အောက်တန်းကျစွာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်း၊ ပြန်ကြား‌ရေးနှင့်မှတ်တမ်းဌာနက ထုတ်ပြန်ထားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မင်းတပ်မြို့နယ်၊ စွန်တောင်ကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံးကြဲချကာ မင်းတပ်မြို့ပေါ် အထိုင်ချတပ်စခန်း မှ ဟောင်ဝစ်ဇာလက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူနေအိမ်များ ပျက်စီးပြီး အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article