38 C
Yangon

Breaking News- ဘုရားသုံးဆူမြို့ရှိ စရဖ ၊ ထွေအုပ်နှင့်လ၀ကရုံးများ မီး လောင် နေပြီး ပစ်ခတ်မှုများဖြစ်ပေါ်နေ၊ နေပြည်တော်မှ တိုက်လေယာဉ် ၁ စီး တောင်ဘက်သို့ ထွက်ခွာ

Must read

Breaking News- ဘုရားသုံးဆူမြို့ရှိ စရဖ ၊ ထွေအုပ်နှင့်လ၀ကရုံးများ မီး လောင် နေပြီး ပစ်ခတ်မှုများဖြစ်ပေါ်နေ၊ နေပြည်တော်မှ တိုက်လေယာဉ် ၁ စီး တောင်ဘက်သို့ ထွက်ခွာ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ ညပိုင်း စစ်ထောက်လှမ်းရေးရုံး (စရဖ) ၊ ထွေအုပ်နှင့်လ၀ကရုံးများ မီးလောင်နေပြီး ပစ် ခတ်မှုများဖြစ်ပေါ် နေ ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၉ နာရီခွဲအချိန်ဝန်းကျင်မှစတင်၍ ပစ်ခတ်မှုများ စတင် ကြားရခြင်းဖြစ်ပြီး စရဖ၊ ထွေအုပ်နှင့်လ၀ကရုံးများ မီးလောင်နေကြောင်း သိရှိရသည်။

“သုံးဆူမြို့မှာ ပွဲကြမ်းနေပြီ။ စရဖ၊ထွေအုပ်၊လဝကရုံး တွေကိုကိုင်နေပြီ။ မြေစာ ရင်း ရုံးလည်းပါတယ်။ တစ်မြို့လုံးပစ်ခတ်သံတွေ ညံနေတယ်။ ရုံးတွေအားလုံး ကို တပြိုင်နက်တည်း ဝင်စီးတာတဲ့။ မြို့ပေါ်ရုံးအားလုံး ကိုတစ်ချိန်တည်း မီးတင်ရှို့တာလို့ သိရတယ်” ဟု PDF သတင်းရင်းမြစ်တစ်ခုက ပြောသည်။

လက်ရှိတွင် နေပြည်တော်လေဆိပ်မှ တိုက်လေယာဉ် ၁ စီး တောင်ဘက်သို့ တက် သွားသဖြင့် ဘုရားသုံးဆူဘက်သို့ သွားနိုင်ကြောင်း ကင်းထောက် အဖွဲ့ များ က သတင်းဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article