28 C
Yangon

စစ်ကောင်စီတပ်အတွက် ရိက္ခာပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသော ရွှေပုလဲသီ ခရီးသည် တင် ကားကို ပစ်ခတ် သတိပေး၊ ခရီးသည်များကို ဘေးကင်းစေရန် ဆင်းခိုင်းပြီးမှ ကားကို ပစ်ခတ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရမှုများအတွက် တောင်းပန်

Must read

စစ်ကောင်စီတပ်အတွက် ရိက္ခာပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသော ရွှေပုလဲသီ ခရီးသည် တင် ကားကို ပစ်ခတ် သတိပေး၊ ခရီးသည်များကို ဘေးကင်းစေရန် ဆင်းခိုင်းပြီးမှ ကားကို ပစ်ခတ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရမှုများအတွက် တောင်းပန်

ရန်ကုန်၊ ဇန်နဝါရီ ၂၇

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အတွက် ရိက္ခာပစ္စည်းများ သယ်ယူ ပို့ဆောင်ပေးနေသော ရွှေပုလဲသီ ခရီးသည်တင်ကားကို PDF တပ်ဖွဲ့က ပစ်ခတ် သတိပေးလိုက်ပြီး ခရီး သည် များကို ဘေးကင်းစေရန် ဆင်းခိုင်းပြီးမှ ကားကို ပစ်ခတ်ခြင်းဖြစ်ကာ စိတ် အနှောင့် အယှက်ဖြစ်ရမှုများအတွက် ခရီးသွားပြည်သူများကို တောင်းပန်ကြောင်း ပုလောဒေသကာကွယ် ရေးတပ်ဖွဲ့ PRDF က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ၊ ၂၆ရက်နေ့ နံနက် ၁၁နာရီ ၃၀မိနစ်ခန့် ပုလောမြို့နယ်၊ ကဒဲရွာအနီး စစ်ဆေးရေးဂိတ်၌ အကြမ်းဖက် စစ်ကောင်စီများအတွက် ရိက္ခာပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသော ရွှေပုလဲသီ (Express) ကားကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)မှ ပစ်ခတ်သတိပေးခြင်း ပြုလုပ် ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီများအတွက် ရိက္ခာပစ္စည်းများ သယ်ယူပို့ဆောင်ရေး မပြု လုပ်ပေးရန် အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့ပြီး ဖြစ်သော်လည်း ဆက်လက် သယ်ယူပို့ ဆောင် ပေးနေသဖြင့် PRDF အဖွဲ့က ခရီးသည်များအားလုံးကို ကားပေါ်မှ ဆင်းခိုင်းပြီးမှသာလျှင် “ယာဉ်လိုင်း အား အပြင်းအထန် သတိပေးလိုသော ရည်ရွယ်ချက်ဖြင့်” ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် ကားပေါ်ရှိ မှန်ကွဲစများကို PRDF အဖွဲ့က ပြန်လည် ရှင်းလင်းပေးခဲ့ကြောင်း သိရှိရသည်။

ထိုကားပေါ်တွင် လိုက်ပါလာသော ခရီးသည်ပြည်သူများအားလုံးကို အဆိုပါဖြစ်စဉ်ကြောင့် စိတ် အနှောက်အယှက် ဖြစ်ရမှုအပေါ် PRDF အဖွဲ့က အနူးညွတ် တောင်းပန်အပ်ပါသည်။ နောက်နောင် စစ်တပ်ကို အထောက်အကူပြုနေသော ရွှေပုလဲသီ ယာဉ်လိုင်းအား ပြည်သူများအနေဖြင့် ရှောင်ကြဉ် ကြပါရန် မေတ္တာရပ်ခံပါကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)က အသိပေး ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article