30 C
Yangon

ခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာသို့ ၁၀ ဘီးကားဖြင့် ခိုးကြောင်ခိုးဝှက် စစ်ကူလာသော စစ်ကြောင်း မိုင်းထိပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ၊ ကားနှင့် ကျည် ဆန်ခွံတချို့ သိမ်းဆည်းရမိ

Must read

ခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာသို့ ၁၀ ဘီးကားဖြင့် ခိုးကြောင်ခိုးဝှက် စစ်ကူလာသော စစ်ကြောင်း မိုင်းထိပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ၊ ကားနှင့် ကျည် ဆန်ခွံတချို့ သိမ်းဆည်းရမိ

ရန်ကုန်၊ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာသို့ ၁၀ ဘီးကားဖြင့် ခိုးကြောင် ခိုးဝှက်လာသော စစ်ကြောင်း မိုင်းထိပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ ကားနှင့်ကျည်ဆန်ခွံတချို့၊ စစ်အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း Mother hero Local PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၂ ရက်နေ့ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းတွင် ၁၀ ဘီးကားဖြင့် တိုက်ပွဲ ဖြစ်ရာ ခင်ဦးမြို့နယ်၊ အလယ်လျှိုဒေသသို့ စစ်ကူလာသော စစ် ကြောင်းကို ရွှေဘိုနှင့်ခင်ဦး လမ်းဆုံအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊စစ်ကောင်စီတပ်သားများ မိုင်းထိမှန်ပြီး ကားကိုစွန့်ခွာကာ ကျည်ဆန်နှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

“ကျနော်တို့ဘက်တွေမှာ အင်တာနက်ဖြတ်တောက်ထားလို့ အချိန်မီ သတင်းမ ထုတ်ပြန်နိုင်ဘူးဖြစ်နေတယ်” ဟု Mother hero Local PDF မှ တာဝန်ရှိ သူက ပြောသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာတွင် ဇန်နဝါရီလဆန်းပိုင်း အကြမ်းဖက် စစ်တပ်က ၅ ရက်ဆက်တိုက် တပ်စွဲပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့ ည ၅ နာရီခန့်က စတင်ကာ အကြမ်းဖက် စစ်တပ်က အလယ်လျှိုရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ပြီး ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းထိ မီးရှို့ခဲ့ကြကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အလယ်လျှိုရွာတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစတင်ကာ တပ်စွဲနေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့ကတည်းက ခင်ဦးမြို့နယ်၊ အလယ်လျှို ကျေးရွာအတွင်းသို့ ဝင်ရောက် စခန်းချခဲ့ကြောင်း၊ မဟာမိတ်တပ်ပေါင်းစုက ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီတွင် စစ်တပ်တပ်စွဲထားသော အလယ်လျှို ကျေးရွာကို ထိုးစစ်ဆင်ခဲ့ကြောင်း၊ အလယ်လျှိုကျေးရွာအတွင်းရှိ အကြမ်း ဖက် စကစနှင့် ပျူစောထီးများက ရွာ၏ အရှေ့ထိပ်နှင့် အနောက်ထိပ် ကိုမီး လောင်ပြင်) အဖြစ် ဖော်ဆောင်၍ မီးများတင်ရှို့ကြောင်း၊ ရွာ၏ အလယ်ပိုင်း တွင် စုရုံးပြီး အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့ တိုက်ပွဲတွင် အချိန် ၅ နာရီ ကြာမြင့်ခဲ့ကြောင်း၊ ယင်းနေ့ ည ၉ နာရီတွင် တိုက်ပွဲ ပြီးဆုံးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ PDF တပ်ပေါင်းစုက ကျေးရွာအတွင်း ဝင်ရောက်တိုက်ခိုက်စဉ် စစ်တပ်က သတ် ဖြတ်ထားသော ပြည်သူများ၏ အလောင်း များ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ရွာအတွင်း ပုန်းခို နေသည့် စစ်သားများနှင့် ပျူစောထီးများက တိုက်ပွဲတွင် သေဆုံးခဲ့သော ၄င်းတို့ ၏ ရုပ်အလောင်းများနှင့် နေအိမ်များကို ဆက်လက်၍ မီးရှို့ သေနတ် များ ပစ် ဖောက် (အမိန့်ပြန်) နေကြောင်း၊ အလောင်းဖျောက်၊ မီးရှို့မှုများ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်.

PDF တပ်များက ကျေးရွာအတွင်းရှိ ပိတ်မိနေသော ပြည်သူ ၁၉ ဦးနှင့် သံဃာ ၅ ပါးတို့အား ဝင်ရောက်စီးနင်းသည့် တော်လှန်ရေး တပ်ပေါင်းစုမှ ဘေးလွတ် ရာသို့ ကယ်ထုတ်နိုင်ခဲ့ကြောင်း ၊ အလယ်လျှို ကျေးရွာသို့ လေ့ကျင့်ရေးတပ် မှ ၁၀ ဘီးကားတစ်စီးဖြင့်ထောက်ပို့လာစဉ် အဆိုပါ ၁၀ ဘီးကားကို ကြို့ကန်နှင့် မြေနီလျှိုလမ်းဆုံတွင် မိုင်းဆွဲတိုက်ခိုက်သဖြင့် ကားပျက်စီးသွားကြောင်း သိရှိရ သည်။

ဓာတ်ပုံ- စစ်သားများ လိုက်ပါသော ၁၀ ဘီးကား မိုင်းထိပြီး လမ်းဘေးတွင် စွန့်ပစ်ထားခဲ့စဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article