31 C
Yangon

ဆားလင်းကြီးရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က သေနတ်များ ပစ်ဖောက်ကာ စီးနင်းနေပြီး ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ဆားလင်းကြီးရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က သေနတ်များ ပစ်ဖောက်ကာ စီးနင်းနေပြီး ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၆ ရွာကို အကြမ်းဖက် စစ်တပ်က သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းနေကြောင်း ဓားမဆိုင်းတပ်မတော် အထူးတိုက်ခိုက်ရေး ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် အစောပိုင်းမှ စတင်ကာ အကြမ်းဖက် စစ်တပ်က ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကံတောရွာ၊ ရွှေလှေရွာ၊ တုံရွာ၊ ဆည်းတည်းရွာ၊ ဇီးတောရွာနှင့် ဖောင်းကတာရွာတို့ကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းလျက်ရှိပြီး ပြည်သူ ၅၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

” ဒီနေ့ နံနက်ပိုင်းကစပြီး စစ်ခွေးတွေက ရွာတွေကို သေနတ်တွေ ပစ်ဖောက်ပြီး ဆက်တိုက်ဝင် စီးနင်းနေတယ်။ ပြည်သူ ၅၀၀၀ ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်။ ပြည်သူတွေ ထိခိုက်မှု ရှိမရှိ အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး” ဟု ဓားမဆိုင်းတပ်မတော် အထူးတိုက်ခိုက်ရေး ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်ကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဆားလင်းကြီးမြို့ ဝမ်ပေါင် ကုမ္ပဏီမှ တစ်ဆင့် ဇန်နဝါရီလ ၂၇ ရက်နေ့ ညတွေ ညောင်ပင်ကြီး ကျေးရွာ၌ တပ်စွဲပြီး ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကျေးရွာများကို ဝင်ရောက် စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။

တရုတ် ဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့သည် ဒေသခံပြည်သူများ ကန့်ကွက်နေသည့်ကြားမှ အနီးအနားရှိ ကျေးရွာများမှ လယ်ယာမြေများကို မတရားသိမ်းဆည်းကာ အဆိုပါ ကြေးနီစီမံကိန်းကို ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာဆုံးရှုံးမှုများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း၊ တရုတ် ဝမ်ပေါင်ကုမ္ပဏီတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယင်းဒေသ တဝိုက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်စီးနင်းခြင်း၊ ဒေသခံနေအိမ်များ ကို မီးတင်ရှို့ခြင်းများ အကြိမ်ကြိမ်လုပ်ဆောင်လျက်ရှိပြီး ဒေသခံပြည်သူ ၃၀၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article