38 C
Yangon

ဖားကန့်နှင့်လားရှိုးတွင် တိုက်ပွဲများ ဖြစ်ပွား ၊ မတ္တရာတွင် စစ်တပ် ဂိတ်စခန်း ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ဖားကန့်နှင့်လားရှိုးတွင် တိုက်ပွဲများ ဖြစ်ပွား ၊ မတ္တရာတွင် စစ်တပ် ဂိတ်စခန်း ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းလယ်ပြင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ် စခန်း ကို KIAတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က အကြမ်းဖက် စစ် တပ် တပ်မ ၃၃ မှ နေရာ နေရာယူကာ ဂိတ်စခန်းဖွင့်ထားသော အကြမ်းဖက် စစ်သားများကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၉ ၊ အမှတ် ၆ တပ်ရင်း တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ် သား များထိခိုက်သေဆုံးမှုများပြားပြီး အရေအတွက် အတိအကျ မသိရသေး ဟု ဆိုသည်။

တိုက်ပွဲဖြစ်ရာနေရာသို့ အခြားအမြင့်တနေရာတွင်နေရာယူထားသော အကြမ်း ဖက် စစ်တပ်မှ လက်နက် ကြီးပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်​၊ လားရှိုးမြို့နယ်၊ မန်ကောင်ရွာအနီး အကြမ်းဖက် စစ် တပ်မှ TNLA တပ်စခန်းကို လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ရာက တိုက်ပွဲ ဖြစ်ခဲ့ကြောင်း TNLA တပ်ဖွဲ့၏ သတင်းရင်းမြစ်များထံမှ သိရသည်။

ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်ကောင်စီ လက် အောက်ခံ တပ်ရင်း ၅၀၄ တပ်ဖွဲ့မှ တပ်သားများသည် တအာင်းပြည်နယ်၊ တပ် မဟာ (၆)စစ်ဒေသ၊ မန်ကောင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ တ အာင်း အမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၅၉၅ တပ် စခန်း သို့ လက်နက်ကြီးများဖြင့် တစ်ဖက်သတ်ပစ်ခဲ့ရာမှ စတင်တိုက်ပွဲ ဖြစ်ခဲ့ ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင် ရောက် ခဲ့ ခြင်းဖြစ်ပြီး ညနေ ၃ နာရီ မိနစ် ၅၀ မှ စတင်ကာ အပြန်အလှန် ပစ်ခတ် တိုက် ပွဲ ပြင်းထန်ခဲ့ကြောင်း ညနေ ၅ နာရီ မိနစ် ၄၀ တွင် တိုက်ပွဲ ရပ် နားသွားပြီး စစ် ရေး တ င်းမာနေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေး၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး ခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင်မတ္တရာမြို့နယ်၊ ကျောက် တံတား ကျေးရွာ မန္တလေးတူးမြောင်း တံတားနှင့် မြောင်းဘောင်ပေါ်ရှိ စစ်တပ် ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ် (ပ.က.ဖ-မတ္တရာ) က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးကာ ၂ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article