38 C
Yangon

ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီး၊ ဗျိုင်းကြိုင်ရွာနှင့် ရုံးစုရွာတို့ ရွာလုံးကျွတ် ပြာကျ

Must read

ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီး၊ ဗျိုင်းကြိုင်ရွာနှင့် ရုံးစုရွာတို့ ရွာလုံးကျွတ် ပြာကျ

ရန်ကုန်၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ကြားရေး အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နှင့် ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့နယ်အတွင်းရှိ ဗျိုင်းကြိုင်ကျေးရွာ၊ ရုံးစုကျေးရွာနှင့် ညောင်ပင်ကြီးစုရွာတို့က မီးရှို့ဖျက်ဆီးခဲ့ပြီး ဗျိုင်းကြိုင်ရွာနှင့် ရုံးစုရွာတို့ ရွာလုံးကျွတ် ပြာကျခဲ့ကြောင်း သိရသည်။

” မနေ့က ခင်ဦးမြို့နယ် ဗျိုင်းကြိုင်ကျေးရွာကို စစ်ခွေးတွေ ရောက်လာပြီး ညလုံးပေါက် ပြည်သူပိုင်နေအိမ်တွေကို မီးတင်ရှို့ခဲ့တယ်။ ဒီနေ့ နံနက်ပိုင်းမှာ ရုံးစုကျေးရွာနဲ့ ရေဦး-ညောင်ပင်သာ လမ်းပိုင်းမှာရှိတ​ဲ့ ညောင်ပင်ကြီးစု ကျေးရွာကို ထပ်ရှို့နေတယ်။ ဗျိုင်းကြိုင်ရွာနှင့် ရုံးစုရွာတို့ကတော့ ရွာလုံးကျွတ် ကုန်သလောက်ကို ရှိဖြစ်သွားပြီး ပခုညနေပိုင်းမှာ ညောင်ပင်ကြီးစု ရွာကိုလည်း နေရာ ၃ ခုခွဲပြီး မီးတင်ရှို့နေတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

ခင်ဦးမြို့နယ်အတွင်းရှိ ဗျိုင်းကြိုင်၊ ရုံးစု၊ ညောင်ပင်ကြီးစု၊ ကြာပင်အိုင်၊ ကျွန်းလည်၊ ကျွန်းဆွယ်၊ ရွှေဘိုမြို့နယ်ရှိ သရက်ပင်ဝန်း၊ စိုင်တိုး စသည့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၁၀၀၀၀ ခန့်သည် စစ်ဘေးရှောင်များအဖြင့် တိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article