36 C
Yangon

ALP မှ စစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ ဦးကို AA က လုပ်ကြံ သတ်ဖြတ်ဟု ထုတ်ပြန်၊ AA က အတည်ပြုခြင်းမရှိ

Must read

ALP မှ စစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ ဦးကို AA က လုပ်ကြံ သတ်ဖြတ်ဟု ထုတ်ပြန်၊ AA က အတည်ပြုခြင်းမရှိ

ရန်ကုန်၊ ဇန်နဝါရီ ၅

ရခိုင်ပြည်၊ လွတ်‌မြောက်ရေးပါတီ ALP မှ စစ်ဦးစီးချုပ် ၁ဦးနှင့် တပ်ရင်းမှူး ၁ဦး ဗိုလ်ကြီးအဆင့်ရှိသူ ၁ဦး စုစုပေါင်း ၃ဦးကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA/AA လုပ်ကြံသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP က ယနေ့ ဇန်နဝါရီ ၅ရက်နေ့ တွင် ထုတ်ပြန်လိုက်သည်။

သေဆုံးသွားသူများမှာ ရခိုင်ပြည် လွတ်‌မြောက်ရေးပါတီ ALP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုး ဗိုလ်ကြီး ခိုင်သူရိန္ဒ တို့ကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA/AA အကြမ်းဖက် လုပ်ကြံ ခဲ့သဖြင့် စီးလားသော ကားပေါ်တွင်ပင် သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဗိုလ်ချုပ်ခိုင်စောမြနှင့် တပ်မှုးနှစ်ဦးအား ULA/ AA ရခိုင်အမျိုးသား အချင်းချင်း ကြား လူသားမဆန် အကြမ်းဖက် လုပ်ကြံခြင်းသည် ရခိုင်တစ်မျိုးသား လုံးစည်း လုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေသည်သာမက ရခိုင်ပြည်သူများကို တုန် လှုပ် ခြောက်ခြား စေသည့် အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ် ချ လိုက် ကြောင်း ALP ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြသည့် တပ်မတော်မှ ပေးအပ်သည့် တာဝန် များ ကို ကျေပွန်စွာထမ်းသည့် စစ်ဘက်ခေါင်းတစ်ဦးဖြစ်ကြောင်း ၎င်း အပါ အဝင် တပ်မှူးနှစ်ဦး လုပ်ကြံခံရမှူးနှင့် ပတ်သက်၍ ALP ပါတီနှင့် ရခိုင်ပြည်သူ တစ် ရပ် လုံးအတွက် အစားထိုးမရသည့် ရှုံးဆုံးမှု ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA/AA က ALPမှ ခေါင်း ဆောင်များ ပါတီဝင်များနှင့် တပ်ဖွဲ့ဝင်များ၊ ဖမ်းဆီးနှိက်စက်ခြင်း၊ သတ်ဖြတ် ခြင်းနှင့် ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များကို ဖမ်းဆီးခြင်း ရဟန်းသံဃာတော်များကို ဖမ်းဆီးခြင်း တို့ ဆက်တိုက်ပြုလုပ်လာမှုအတွက် တရာမျှတမှုရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ALP ၏ ထုတ်ပြန် ချက် တွင် ရေးသားထာသည်။

ရခိုင်ပြည် လွတ်‌မြောက်ရေးပါတီ ALP ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရ က္ခိုင့် အမျိုးသားအဖွဲ့ချုပ် ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက် သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာဖြေဆိုခြင်းမရှိပေ။ ALP မှ စစ်ဦးစီချုပ်နှင့် တပ်မှူး ၂ဦးကို ULA/ AA မှအကြမ်းဖက် လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်နှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ဇန်နဝါရီ ၄ရက်နေ့ မနက်ပိုင်းက စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် ၁၃ရှိ ဆီတန်းရှေ့ ငါးစင်ရိုင်းချောင်းကျောင်းအနီးတွင် လက်နက်များကိုင်ဆောင်ထားသည့် ဆိုင် ကယ် စီးနင်းလာသော လူတစ်စု ALA၏ စစ်ဦးစီးချုပ် ၁ဦးနှင့် တပ်ရင်းမှူး ၁ဦး ဗိုလ်ကြီးအဆင့်ရှိသူ ၁ဦး စုစုပေါင်း ၃ဦးကိုအနီးကပ် လာရောက် ပစ်ခတ် ခဲ့ ခြင်း ဖြစ်ပြီး ပစ်ခတ်မှုကြောင့် နေရာချင်းတွင် ၃ဦးစလုံး သေဆုံးခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက် တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ တစ်ခုလည်း ဖြစ်သည်။

လက်ရှိတွင် ALP သည် စစ်ကောင်စီ ကျင်းပသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များသို့ တက်ရောက်နေသည့် လက် နက်ကိုင်အဖွဲ့အစည်းများထဲမှ တစ်ဖွဲ့ ဖြစ် ပြီး ယနေ့ လုပ်ကြံခံရသူများထဲတွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ သို့ တက်ရောက်ခဲ့သူများလည်း ပါဝင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article