29 C
Yangon

Breaking News-ကသာမြို့နယ်၊ မိုးတား နှင့် တိုက်ကုန်း ကျေးရွာတို့ကို စစ် လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၆ ဦး ဗုံးထိမှန် မီးလောင် သေဆုံးကာ ပြည်သူ ၃၀ ကျော်ဒဏ်ရာရ

Must read

Breaking News-ကသာမြို့နယ်၊ မိုးတား နှင့် တိုက်ကုန်း ကျေးရွာတို့ကို စစ် လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၆ ဦး ဗုံးထိမှန် မီးလောင် သေဆုံးကာ ပြည်သူ ၃၀ ကျော်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတာကျေးရွာနှင့်တိုက်ကုန်းကျေးရွာကို စစ်တပ် က လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၆ ဦး ဗုံးထိမှန်ခြင်းနှင့် မီးလောင် သေဆုံးမှု များဖြစ်ကာ ပြည်သူ ၃၀ ကျော်ဒဏ်ရာရရှိထားကြောင်း ကသာမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်နှင့် PDF၊ ABSDF မဟာမိတ် တပ်များအကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ အထိနာကြောင်း၊ ကသာ မြို့နယ် မိုးတားကျေးရွာ အထက်ဖက် ဆိပ်သာ ဘုရားအနီး ABSDF ဦးဆောင် သောတပ်များနှင့် စစ်ကောင်စီတပ်များတိုက်ပွဲဖြစ်ပွားရာ မဟာမိတ်တပ်ပေါင်းစုက ခုခံတိုက်ရာ စစ်တပ်ဘက်မှ အထိနာကြောင်း သိရှိရသည်။

ယင်းနောက် မြစ်ကြီးနားမှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် မိုးတားရွာ စေတီရပ်နှင့် တိုက်ကုန်းရွာသို့ ဗုံးကြဲသဖြင့် ပြည်သူ ၆ ဦးဗုံးထိမှန်ခြင်း၊ မီးလောင်သေဆုံးခြင်းများ ဖြစ်ပေါ်ပြီး ပြည်သူ ၃၀ ကျော်ဒဏ်ရာရရရှိကြောင်း၊ ABSDF ရဲဘော် ၂ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၈ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က မြစ်ကြီးမြို့မှ တက်လာသော တိုက်လေယာဉ် ဂျက်ဖိုက်တာ ၃ စင်းဖြင့် မိုးတားလေးရွာအတွင်းသို့ ပေါင် ၅၀၀ မီးလောင်ဗုံးကြဲချခဲ့ရာ ပြည်သူများ မီး လောင်သေဆုံးမှုများရှိခဲ့သည့်အပြင် နေအိမ်များလည်း မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

“ရွာအနောက်ပိုင်းက အလှူအိမ်ထဲကျတယ်၊ အဲဒီမှာ ၇ ဦးပွဲပြီးသေတယ်၊ ဒဏ်ရာရ တဲ့သူအများ အပြား လည်း ရှိတယ်၊ ရွာဦးမှာလည်း ကျဲသွားတယ်၊ ထိခိုက် သေဆုံးအရမ်းများနိုင်ပါတယ်။ အကြမ်းဖက်စစ် ကောင်စီက အပြစ်မဲ့ ပြည်သူ တွေကို ရန်သူအဖြစ်သတ်မှတ်ချေမှုန်းနေလို့ ပြည်သူတွေ အနေနဲ့ အစစအ ရာရာ ဂရုစိုက်ကြပါ” ဟု Nothern ABSDF အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ကသာဒရုန်းအဖွဲ့ KTD ကလည်း စစ်ကောင်စီတပ်များကို ကင်းထောက်ပေးခြင်း ဗုံးကြဲချခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article