မောင်းပြန်သေနတ်ဝယ်ယူနိုင်ရေး ကံစမ်းမဲရောင်းချမှု ဝယ်ယူအားပေးကြရန် ပြည်သူများကို မေတ္တာရပ်ခံ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် တပ်ရင်းအမှတ် ( ၉ )၊ ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် ( ၂၀) ဖြစ်သည့် Yoma Yar Zar တပ်ဖွဲ့မှ ပြုလုပ်နေသော မောင်းပြန်သေနတ်ဝယ်ယူနိုင်ရေး ကံစမ်းမဲရောင်းချမှုတွင် လက်မှတ်များစွာ ကျန်ရှိနေပြီး ရောင်းအားကျနေသည့်အတွက် ကူညီပေးကြပါရန် မေတ္တာရပ်ခံပါ ကြောင်း Yoma Yar Zar တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါကံစမ်းမဲလက်မှတ်များကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့ထိ မဲလက်မှတ် ၅ ထောင်ကို ရောင်းချမည်ဖြစ်ရာ မဲလက်မှတ်ရောင်းကုန်ပါက မဲဖောက်သွားပေးမည်ဖြစ်ကြောင်း၊ မဲ လက်မှတ်များ ဝယ်ယူအားပေးမည့် မိဘပြည်သူများအနေဖြင့်-
စင်ကာပူနိုင်ငံ
မြန်မာပြည်တွင်း
“နွေဦးနတ်ကွန်း – Nway Oo Nat Kon” ထောက်ပို့အဖွဲ့
ZbWKwL
ဂျပန်နိုင်ငံ
”မေတ္တာကမ်းလက် အောင်ပွဲဆက်”
9/7day MIDEA
Bo Kyaw Min Bo (ထိုင်း၊ မလေး ၊မြန်မာ)
ညီညွတ်မှုရဲ့သွေးချင်းများ
မလေးရှားနိုင်ငံ NLDရုံးမှ အဖွဲ့သားများ (M.S PDF Supporting Group)
တို့ထံ Messenger မှတဆင့် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
“ကျနော်တို့ ပုလဲကို စစ်တပ် စစ်အုပ်ချုပ်ရေးကြေညာပြီးတော့ စစ်ကြောင်းထိုးနေတာရှိတယ်၊ပြန်ချနိုင်ဖို့ လက်နက်ကောင်းလိုတယ်၊ အခုမဲရောင်းနေတာက လက်မှတ်ပေါင်း တစ်ထောင်ကျော်လောက်ကျန်သေး တာ၊ အချိန်ကလည်း သိပ်မကျန်တောဘူးဆိုတော့ အမြန်ရောင်းကုန်ချင်တာပါ၊ ရောင်းပြီးတာနဲ့ လက် နက်ခဲယမ်းဝယ်ဖို့ စီစဉ်သွားမှာပါ” ဟု Yoma Yar Zar တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီမှ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှစ၍ စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကိုခိုးယူခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
