33 C
Yangon

စစ်ကောင်စီက ဗဟို ဝန်ထမ်းတက္ကသိုလ်များတွင် စစ်သင်တန်းနှင့် ပစ်ခတ်မှုကို အဓိက ထား သင်ကြားလာပြီး လိုအပ်လျှင် စစ်မှုထမ်းရမည်ဟုဆို

Must read

စစ်ကောင်စီက ဗဟို ဝန်ထမ်းတက္ကသိုလ်များတွင် စစ်သင်တန်းနှင့် ပစ်ခတ်မှုကို အဓိက ထား သင်ကြားလာပြီး လိုအပ်လျှင် စစ်မှုထမ်းရမည်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

အကြမ်းဖက်စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ခေါ်ယူ သင်တန်းပေးရာတွင် စစ်သင် တန်းနှင့် ပစ်ခတ်မှုဆိုင်ရာများကို အဓိက ထားသင်ကြားလာပြီး လိုအပ်လျှင် ဝန်ထမ်းအားလုံး စစ်မှုထမ်းရမည်ဟု အသိပေးမှုများရှိလာကြောင်း ဝန်ထမ်းသတင်းရင်းမြစ်များက ပြောသည်။

“အခု အရင်ကထက် စစ်ရေးလေ့ကျင့်မှုနဲ့ ပစ်ခတ်မှုတွေကို အဓိကထားပိုသင်နေရတယ်။ သင်တန်းတစ်ပတ်စဉ်နဲ့ တစ်ပတ်စဉ် မတူဘူး။ စစ်ရေးလေ့ကျင့်မှုနဲ့ ပစ်ခတ်မှုဆိုတာက ပါပေမယ့် အရင်က အဲဒါတွေက အဓိက မဟုတ်ဘူး။ အခုတော့ အဲဒါကို အဓိက ထားသင်တယ်။ လိုအပ်ရင် စစ်တိုက်ကောင်း တိုက်ရမယ်ဆိုတာမျိုးတွေလည်းပြောတယ်။ ကျန်တဲ့ စီမံခန့်ခွဲမှုနဲ့ သဘောတရားရေးရာတွေကို သင်ကြားမှု အတော်ကို လျှော့လာပြီ။ ” ဟု ဝန်ထမ်း သတင်းရင်းမြစ်က ဆိုသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တွင် လက်ရှိ Non-CDM သင်တန်းများ ဖွင့်လှစ်ရာတွင် အရည်အချင်းစစ် စာမေးပွဲများ ဝင်ရောက် ဖြေဆိုရပြီး အများစုသော ဝန်ထမ်းများမှာ အရည်အချင်းမရှိဘဲ ဆွဲခန့်များ ဖြစ်နေ၍ အရည်အချင်း မမီမှုနှင့် စာမေးပွဲ ကျဆုံးမှုများရှိနေသဖြင့် ဌာနဆိုင်ရာ ပြစ်တင် ရှုတ်ချသည့် ဝေဖန်စာများ ထုတ်ပြန်မှုများရှိကြောင်း သိရှိရသည်။

“ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်းဆင်းအရည်ချင်းစစ်ရာမှာ အများစုက ဆွဲခန့် ဝန်ထမ်းတွေဖြစ်တော့ အားလုံးနီးပါး အလယ်လတ်အရည်ချင်းတောင်မရှိဘူးဖြစ်နေတယ်။ သက်ဆိုင်ရာဌာနအကြီးအကဲတွေက သူတို့ရလဒ်တွေကြည့်ပြီး စိတ်ဆိုးဒေါသထွက်ကြတယ်။ ဌာနဆိုင်ရာ ညွှန်မှူး၊ ညွှန်ချုပ်တွေအနေနဲ့ ဝန်ထမ်းများပေါ် ထိန်းကျောင်းကြပ်မတ်မှု၊ သင်ကြားပေးဖို့ အသိပညာ အတတ်ပညာပိုင်းနည်းပါးရင် အစိုးရ ယန္တရား အတွက် အတော်ကို ကသီလင်တ ဖြစ်နိုင်တယ်ဆိုပြီး ဌာနအုပ်ချုပ်မှုခေါင်းဆောင်တွေကို ပြစ်တင်တဲ့ ဌာနဆိုင်ရာလျှို့ဝှက်စာတွေတောင် ထုတ်ရတဲ့အထိ ဖြစ်လာတယ်” ဟု ဝန်ထမ်း သတင်းရင်းမြစ်က ပြောသည်။

လက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် နိုင်ငံရေးဆိုင်ရာ သဘောတရားများကို သင်ကြားရာတွင်လည်း နိုင်ငံ၏ အခြေအနေမှာ စစ်တပ်အနေဖြင့် အာဏာ မယူလိုဘဲ ထိန်းသိမ်းရခြင်းဖြစ်ပြီး NLD နှင့် ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၀ မဲမသမာမှုများကို ရှင်းလင်းခြင်း မရှိ၍ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က ရွေးကောက်ပွဲ ကျင်းပ၍ အာဏာပြန်လွှဲမည်ဆိုသော ဝါဒဖြန့် နိုင်ငံရေးသဘောတရားများကို နေ့စဉ် သင်ကြား ဝါဒဖြန့် နေသည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article