30 C
Yangon

စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ ပြည်သူများအပေါ် ဖိနှိပ်ယုတ်မာမှုများကို ဖော် ထုတ်ခြင်း

Must read

စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ ပြည်သူများအပေါ် ဖိနှိပ်ယုတ်မာမှုများကို ဖော် ထုတ်ခြင်း

▪️ စစ်ဗိုလ်ချုပ် သားကို သတ်ရန် ကြိုးစားသော်လည်း အရေးယူ မခံရသည့် လူရမ်းကား စည်သူထွဋ်

(နိဂုံး)

By ရန်ကုန်ခေတ်သစ်

စိုးထွဋ်နဲ့နီလာစိန်မှာ မင်းသန်းထွဋ်၊ စိုးမင်းထွဋ်၊ စည်သူထွဋ် သား ၃ ဦးရှိပြီး စိုးထွဋ်သားတွေကလည်း ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ စီးပွား ရေး လုပ်ငန်းပေါင်းစုံ လုပ်ကိုင်ကြပြီး စစ်ကောင်စီရဲ့ တင်ဒါတွေကို လက်ဝါး ကြီး အုပ် ရယူကြပါတယ်။

စိုးထွဋ်ရဲ့သား ၃ ဦးထဲမှာ အဆိုးဆုံး၊ စီးပွားရေး အသောင်းကျန်းဆုံး၊ လူမိုက်လို လူတကာကို ရိုက်နှက် သတ်ဖြတ်မှုတွေ လုပ်ဆောင်သူကတော့ စည်သူထွဋ် ဖြစ်ပါတယ်။ စည်သူထွဋ်ဟာ လက်ရဲဇက်ရဲ မူးယစ် ရမ်းကားသူဖြစ်တဲ့အပြင် သွေးလည်း အင်မတန်ဆိုးလှသူဖြစ်ပါတယ်။

ပြည်ထဲရေး ဝန်ကြီး စိုးထွဋ်ရဲ့ အရှိန်အဝါနဲ့ သားဖြစ်သူက ရဲတပ်ဖွဲ့ဝင်တွေသူ့ရဲ့ လုံခြုံရေး တပ်ဖွဲ့လို အသုံးပြုသလို သူမကျေနပ်တဲ့သူတွေကို ရိုက်နှက် သတ် ဖြတ် ခိုင်းတာတွေလည်း လုပ်ဆောင်ပါတယ်။

မကြာသေးခင်က ဗိုလ်ချုပ်တစ်ဦးရဲ့သားကို စည်သူထွဋ်က ရဲတစ်ဦး စေလွှတ် ပြီး သတ်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် သတ်ဖြတ်မှုက မအောင်မြင်ဘဲ သွားရောက် သတ်တဲ့ ရဲအဖမ်းခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်အတွက် စည်သူထွဋ် သတ်ခိုင်းတာ အမှုမှန်ပေါ်ပေါက်ပေမယ့်လည်း အရေးယူခဲ့ခြင်းမရှိပါဘူး။

ရန်ကုန်ခေတ်သစ်အနေနဲ့ အဲဒီဖြစ်စဉ်မှာ စိုးထွဋ် သားစည်သူထွဋ်က သတ်ဖို့ ကြိုးစားတဲ့သူက တွဲဖက်စစ်ထောက်ချုပ် ၁ ဗိုလ်ချုပ် သိုက်စိုးရဲ့ သားဖြစ်တယ် ဆိုတဲ့ သတင်းတွေ လက်ခံရရှိပါတယ်။ ဒါပေမယ့် သီးခြား အတည်ပြုနိုင်ဖို့တော့ ခက်ခဲနေဆဲပါပဲ။

စည်သူထွဋ် လက်ရဲလက်ရဲ ရိုက်နှက် သတ်ဖြတ်နေတာဟာ သူ့အဖေ စိုးထွဋ် ပြည်ထဲရေးဝန်ကြီးဖြစ်ကတည်းကဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇွန်လအတွင်းမှာလည်း နေပြည်တော်မှာ ရှိတဲ့ KTV နဲ့ Bar တွေမှာ မကြာခဏ မူးရူး ရမ်းကားပြီး KTV တွေ Bar တွေ ပိတ်ပင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ သပြေကုန်း၊ ဧရာ၀တီလမ်းပေါ်မှာ ရှိတဲ့ Excellent Bar & Restaurantမှာ စည်သူထွဋ် လာရောက်သောက်စားရင်း ည ၉ နာရီခန့် တေးဂီတဖျော်ဖြေမှုအစီအစဥ်ပြီးဆုံးချိန်မှာ စည်သူထွဋ်က အခြားဝိုင်းမှာ ထိုင်နေတဲ့ လူငယ် ၃ ဦးထိုးကြိတ် ရိုက်နှက်ပါတယ်။

စည်သူထွဋ် နဲ့အတူ ရွှေတောင် ကြီး စားသောက်ဆိုင်ပိုင်ရှင်လည်းပါလာပြီး နှစ်ဖက်ခိုက်ရန်ဖြစ်ပွားကြရာမှာ ဆိုင်မီးဖိုးခန်းထဲအထိ လူငယ်တစ်ဦး နဲ့ စည်သူထွဋ်တို့အဖွဲ့က ထိုးကြိတ်ကြတာမို့ ဆိုင်ဝန်ထမ်းတွေက ဝင်ရောက် ဖျန်ဖြေ ဆွဲပေးခဲ့ကြပါတယ်။

စည်သူထွဋ်က ဒါကို မကျေနပ်ဘဲ ဝင်ရောက်ဖျန်ဖြေတဲ့ ဆိုင်ဝန်ထမ်းများကိုပါ ဆက်လက် ရန်မူ ထိုးကြိတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆိုင်ပိုင်ရှင် ဦးမျိုးဝေလင်း က လာရောက် ထိန်းသိမ်းပေးခဲ့ပေမယ့်လည်း ဆိုင်ဝန်ထမ်းတွေနဲ့ မိသားစုတွေ အားလုံးကို စည်သူထွဋ်အမိန့်နဲ့ ရဲက ညတွင်းချင်း ဖမ်းဆီးခေါ် ဆောင်သွား ခဲ့ပါတယ်။

ဖြစ်စဥ်ကို မှတ်တမ်းတင်ထားတဲ့ ဖုန်းတွေအပါအဝင် ဆိုင်ဝန်ထမ်းတွေရဲ့ ဖုန်း အား လုံးကိုလည်း ရဲတပ်ဖွဲ့ သိမ်းဆည်းသွားခဲ့ပါတယ်။ ဝန်ကြီး စိုးထွဋ်ကလည်း သူ့သားနဲ့ရန်ဖြစ်တဲ့ ဆိုင်ပိုင်ရှင်တွေကို ပုဒ်မတွေ တပ် အရေးယူဖို့ လုပ်ပေမယ့် လည်း နောက်ပိုင်း အဲဒီသတင်းက စစ်ကောင်စီထဲအထိ ရောက်သွားတာမို့ နောက် ပိုင်းမှာ အမှုကို ကျေအေးပြီး အားလုံးကို ပြန်လွှတ်ပေးခဲ့ရပါတယ်။

စည်သူထွဋ်ဟာ လုံခြုံရေးအတွက် ရဲတွေကို သူရဲ့ ကိုယ်ရံတော်တပ်အဖြစ် အမြဲ ခေါ်သွားလေ့ရှိပါတယ်။ အဲဒီလို လူမိုက်ဆန်ဆန် လက်နက်ကိုင်ရဲတွေနဲ့ သွား လာ မိုက်ကြေးခွဲနေတဲ့ စည်သူထွဋ်ကို နေပြည်တော်မှာ ရှိတဲ့ ဗိုလ်ချုပ် သားသမီး တွေက ဝေးဝေးက ရှောင်ကြပါတယ်။

ဒါကတော့ လက်နက်အားကို အနိုင်ကျင့်တဲ့အကြောင်းပါ။ အခြားတစ်ဖက် မှာ လည်း စိုးထွဋ်သားတွေက အဖေ အရှိန်အဝါသုံးပြီး ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အဆောက်အအုံ ဆောက်လုပ်ခွင့် တင်ဒါ၊ လမ်းတံတား တင်ဒါ၊ အခြားလုပ်ပိုင် ခွင့် တွေကို လက်ဝါးကြီးအုပ် ရယူပါတယ်။

အခုနောက်ဆုံးမှာတော့ သူ့အဖေ ဝန်ကြီးလုပ်တဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတင် မဟုတ်တော့ဘဲ အခြားသော ဝန်ကြီးဌာနတွေရဲ့ တင်ဒါတွေ လုပ်ပိုင်ခွင့်တွေကို လက်ဝါးကြီးအုပ် ရယူနေကြတယ်လို့ သိရပါတယ်။

လူမိုက်စိုးထွဋ် သားတွေက နေပြည်တော်မှာ လူမိုက်ဆန်ဆန် နယ်ပယ်အစုံမှာ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးနေကြပေမယ့်လည်း မင်းအောင်လှိုင် သားသမီး အောင်ပြည့် စုံ နဲ့ ခင်သီရိသက်မွန်တို့နဲ့ ထိပ်တိုက် မတွေ့ဘဲ ပါးပါးနပ်နပ် ရှောင် ရှားကြပါတယ်။ မအလ သားသမီးတွေနဲ့ ထိပ်တိုက် မဆုံစေဖိုနဲ့ ရန်မဖြစ်စေ ဖို့တော့ စိုးထွဋ်က မှာထားပုံရတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်းမှာ စိုးထွဋ်၊ မိန်းမ နီလာစိန်နဲ့ သားဖြစ် သူတို့ရဲ့ ယုတ်မာ အနိုင် ကျင့်မှုတွေက ဒုနဲ့ဒေးရှိနေတာမို့ နေပြည် တော်မှာ မြန်မြန်ရာထူးပြုတ် မေတ္တာအပို့ခံရတဲ့ မိသားစုဆိုရင် မင်းအောင်လှိုင် မိသားစုပြီးရင် စိုးထွဋ် မိသားစုက ဒုတိယလိုက်နေတယ်လို့ နေပြည်တော် သတင်းရင်း မြစ်တွေက ဆိုကြပါတယ်။

ဓာတ်ပုံ- စိုးထွဋ်နှင့်သားတစ်ဦးဖြစ်သူ စည်သူထွဋ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article