30 C
Yangon

တနင်္သာရီမြို့နယ်တွင်၊ စစ်ကောင်စီခန့် ဆင်ခြေဖုံးကျေးရွာ အုပ်ချုပ်ရေးမှူး ရန်အောင်စိုး ပစ်ခတ်ခံရပြီး သေဆုံး

Must read

တနင်္သာရီမြို့နယ်တွင်၊ စစ်ကောင်စီခန့် ဆင်ခြေဖုံးကျေးရွာ အုပ်ချုပ်ရေးမှူး ရန်အောင်စိုး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကု်န၊ဖေဖော်ဝါရီ ၂၆

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်၊ ဆငခြေဖုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရန်အောင်စိုးကို ပစ်ခတ်ရှင်း လင်းခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ ကာ ကွယ် ရေးအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၆ နာရီခန့်က တနင်္သာရီမြို့မှ ကျေးရွာ သို့ ဆိုင်ကယ်ဖြင့် ပြန်လာ သည့် အသက် ၄၅ နှစ်အရွယ်ခန့်ရှိ စစ်ကောင်စီ ခန့်အုပ် ချုပ်ရေးမှူး ရန်အောင်စိုးကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ် ရေး အဖွဲ့ (တောင်ပံနီ)မှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး နေရာမှာပင်ပွဲချင်းပြီးသေဆုံး သွားကြောင်း သိရသည်။

သေဆုံးသူ စစ်ကောင်စီခန့် ရန်အောင်စိုးသည် အကြမ်းဖက် စစ်တပ် နှင့်ပူး ပေါင်း ကာ ကျေးရွာ နေပြည်သူလူထုကို ဖမ်းဆီးခြင်း၊ တိုင် တန်းခြင်း၊ စစ်တပ် လက်အောက်ခံ ရဲနှင့်ပူပေါင်းပြီး လိုင်းကြေး ကောက် ခြင်းတို့လုပ်ဆောင် လျက် ရှိကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။

တနင်္သာရီမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီ၏ ယန္တရား လည်ပတ်နိုင်သော နေရာများသည် မောတောင်မြို့နှင့် တနင်္သာရီ မြို့နှစ်မြို့သာ ကျန်ရှိတော့ကြောင်း၊ အကြမ်းဖက်စစ် ကောင်စီ၏ လက်အောက် တွင် ဆက်လက်တာဝန်ထမ်းဆောင်နေပြီး ပြည်သူလူထုနှင့်မပူးပေါင်းသော အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီ၏ အုပ်ချုပ်ရေးထောက်တိုင်အဖြစ် သတ် မှတ်၍ ရှင်းလင်းသွားမည်ဖြစ် ကြောင်း တနင်္သာရီမြို့နယ်ပြည်သူ့ ကာ ကွယ် ရေးအဖွဲ့က အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article