33 C
Yangon

တန့်ဆည်တွင် တစ်ရက်တည်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၇ ဦး ထက်မနည်းသေဆုံး၊ PDF တပ်များ စုပေါင်း၍ စစ်တပ်စစ်ကြောင်းများကို အထိုင်ချထားသော ကျေးရွာထဲအထိ လိုက်လံ ထိုးစစ်ဆင်တိုက်ခိုက်

Must read

တန့်ဆည်တွင် တစ်ရက်တည်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၇ ဦး ထက်မနည်းသေဆုံး၊ PDF တပ်များ စုပေါင်း၍ စစ်တပ်စစ်ကြောင်းများကို အထိုင်ချထားသော ကျေးရွာထဲအထိ လိုက်လံ ထိုးစစ်ဆင်တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်‌တွင် ဖေဖော်ဝါရီ ၆ ရက်နေ့ တစ်ရက်တည်းအတွင်း တိုက်ပွဲ၃ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁၇ ဦး ထက်မနည်း သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း တန့်ဆည်PDFထံမှ သိရသည်။

တန့်ဆည်မြို့မှ အနောက်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပေကုန်းရွာလမ်းခွဲအနီးတွင် တန့်ဆည်PDF ‌ရွှေဘိုခရိုင်တပ်ရင်း ၆ ၊ တပ်ရင်း ၇ Phoenix Tazeနှင့် တပ်ရင်း ၂၅ TPCတို့က ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၈ နာရီခွဲတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၂ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေးနဲ့ ပျူစောထီးတွေ‌ ပေါင်းပြီး စစ်ကြောင်း တက်လာတာ အင်အား ၁၃၀ လောက်ပါတယ်။ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်။ လက်ရှိအချိန်အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ပါဘူး” ဟု တန့်ဆည်PDF တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ကံထူးမစံပြရွာသို့ ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်ကို နေ့လယ်၁နာရီခန့်တွင် PDF တပ်က လက်နက်ကြီး ၃ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စက်သေနတ်အထိုင်ချထားသည့် နေအိမ်ကိုထိမှန်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း၊ အသေးစိတ်ကိုအတည်မပြုနိုင်သေးကြောင်း MDF – Taze Tiger အဖွဲ့ထံမှ သိရသည်။

ထို့နောက် ကံထူးမစံပြရွာတွင် တစ်အိမ်တက်ဆင်း ပစ္စည်းများ လိုက်လံရှာဖွေ ခိုးယူနေသော စစ်တပ်ကို ယမန်နေ့ ညနေ ၅နာရီ ၁၅ မိနစ်တွင် MDF – Taze Tiger၊ KPK၊ TSRနှင့် PLAအဖွဲ့တို့က ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၃ဦးမှာ ဒဏ်ရာများဖြင့် သွေးရူး သွေးတန်း ထွက်ပြေးသွားခဲ့ကြောင်း MDF- Taze Tiger ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။

“စစ်ခွေးတွေက အိမ်တွေထဲကိုဝင်ပြီး ပစ္စည်းတွေခိုးနေတုန်း ဖုန်းဆိုင်တစ်ဆိုင်ကအထွက်မှာ ကျနော်တို့က အသင့်ဆင်ထားတဲ့ ပဒေသာမိုင်းခွဲလိုက်တာပါ။ မိုင်းကွင်းထဲကွက်တိကျတဲ့ ၅ယောက်က တန်းသေတယ်။ ၃ယောက်က ၅ပေအကွာလောက်မှာရှိတာဆိုတော့ သူတို့ကိုလည်းထိတယ်။ သွေးရူးသွေးတန်းနဲ့ထပြေးတာ” ဟု MDF- Taze Tiger ရှေ့တန်းရဲဘော်က ပြောသည်။

ကံထူးမစံပြရွာရှိ အထပ်မြင့်တိုက်များပေါ်တွင် စစ်ကောင်စီတပ်က လက် နက်ကြီးများ၊ စနိုက်ပါနှင့် စက်သေနတ်များ တပ်ဆင်ပြီး နေရာယူ တပ်စွဲထားသောကြောင့် ကံထူးမမြို့နယ်ခွဲအတွင်းရှိ အနီးပတ်ဝန်းကျင်ရွာများမှ ဒေသခံပြည်သူ တစ်သောင်းခန့် စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

ဓာတ်ပုံ- တန့်ဆည် PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article