33 C
Yangon

တန့်ဆည်၊ မြင်းမူတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်တပ်က ခေါင်းဖြတ်သတ်လိုက် သော PDF ရဲဘော် ၂ ဦး၏ အလောင်း ပြန်လည် ရရှိ၊ ခင်ဦးတွင်လည်း PDF ရဲဘော် ၂ ဦး ကျဆုံး

Must read

တန့်ဆည်၊ မြင်းမူတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်တပ်က ခေါင်းဖြတ်သတ်လိုက် သော PDF ရဲဘော် ၂ ဦး၏ အလောင်း ပြန်လည် ရရှိ၊ ခင်ဦးတွင်လည်း PDF ရဲဘော် ၂ ဦး ကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၇

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊သရက်ခါးရွာအနီး မြို့ထင်ကျောင်းတွင် တပ်စွဲ ထား သော စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ ကာကွယ်ရေးအဖွဲ့တို့အကြား ယနေ့ နံနက် ၇ နာရီခွဲအချိန် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသ ကာကွယ်ရေးတပ်များထံမှသိရှိရသည်။

“လက်နက်ကြီးသံတွေကတော့ တအုန်းအုန်းကြားနေရတာ။ ခွေးတွေက တန့် ဆည် ကနေ လွန်ခဲ့တဲ့ ၃ ရက် လောက်ကနေထွက်လာတဲ့ကောင်တွေဗျ။ နှစ်ဖက် အထိအခိုက်ကတော့ ဘာမှမသိရသေးဘူး။လက်နက် သံတွေကြား ရတော့ဗျာ။ ဒေသပြည်သူတွေကတော့ အကုန်ပြေးကြရတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောသည်။

အလားတူ အရာတော်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်း ရ ဟတ် ယာဉ်ဖြင့် ချထားပေးခဲ့သည့် အင်အား ၈၀ ခန့် ဝန်းကျင်ရှိ စစ်ကြောင်း က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် မြင်းမူမြို့နယ်၊ ကန်တော် ကျေးရွာအနီးသို့ PDF ရဲဘော် ၂ ဦးကို ဖမ်းဆီးပြီး Zero ပြောက်ကျားတပ်ဖွဲ့၏ ယာယီစခန်းရှိရာ နေရာသို့ စစ်ကြောင်း ထိုးဝင် ရောက် ခဲ့ကြောင်း၊ ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ များက တိုက်မိုင်း၊ နင်းမိုင်း များ၊ လက်နက်ကြီး၊ လက် နက် ငယ်များ ဖြင့် ပြန် လည် ခုခံတိုက်ခိုက်ခဲ့ရာ ည ၇ နာရီ ခန့်အထိ တိုက်ပွဲ ပြင်း ထန်ခဲ့ကြောင်း သိရ သည်။

“ဖမ်းခေါ်လာတဲ့ ကလေးနှစ်ယောက်ကို စခန်းရှိတဲ့နေရာ လိုက်ပြခိုင်းတယ်၊ စခန်း ရောက်တော့ အဲဒီ ကလေး ၂ ယောက်ကို ရက်ရက်စက်စက် ခေါင်းဖြတ် သတ်ပစ်ခဲ့တယ်၊ ကလေးတွေက အသက် ၁၂ နှစ်၊ ၁၃ နှစ်လောက်ပဲရှိဦးမယ်၊ စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်၊ ဖမ်းမိတဲ့ ရဲဘော်နှစ်ဦးကိုလည်း ကန်တော် ဘုန်းကြီးကျောင်းထဲမှာ ခေါင်းဖြတ်သတ် ခဲ့သ လို အခြားဘုန်းကြီးကျောင်း ၂ ကျောင်း ကိုလည်း မီးရှို့ ဖျက်ဆီးသွားပါတယ်” ဟု Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း ၇ မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ ၁၇ ဦးသေဆုံးပြီး ဗိုလ်ကြီး တစ်ဦး ခြေထောက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ဆားတောင်မိုးကြိုးတပ်ဖွဲ့မှ PDF ရဲဘော် နှစ်ဦး ကျဆုံးခဲ့ပြီး စစ်သားများ၏ မီးရှို့ဖျက်ဆီးမှု ကြောင့် Zero ပြောက်ကျား တပ် ဖွဲ့ ၏ ယာယီ စခန်းမှ သိန်း ၁၀၀ ဝန်းကျင် မီးစက်တလုံးအပါအဝင် သိန်း ၂၀၀ ဝန်းကျင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ဖေဖော် ဝါရီလ ၂၇ရက်နေ့ နံနက်ပိုင်း မြင်းဒေါင်းရွာတွင် တပ်စွဲထားသော စစ်ကြောင်းက အင်အား ၁၀၀ ဖြင့် ရေဦး-ခင်ဦး လမ်းတစ် လျှောက် ထောက်ပို့ ကားသုံးစီးဖြင့် လာရောက်စဉ် သရက်ပင်စုရွာအနီး မကျီးအုပ်ရွာမှ ကင်း ထောက် PDF ရဲဘော် ၂ ဦးကို တွေ့ရှိပြီး ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article