29 C
Yangon

စဥ့်ကူး၊ ငပြင်းအင်းရွာတွင် စစ်သင်တန်းပေးရန် ပြင်နေစဉ် PDF က ဝင်စီးရာ အုပ်ကြီး နှင့် ပျူစောထီး များ ထွက်ပြေး ၊ မုံရွာ၊ တောပုရွာအနီး တိုက်ပွဲဖြစ် ပွား ပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

Must read

စဥ့်ကူး၊ ငပြင်းအင်းရွာတွင် စစ်သင်တန်းပေးရန် ပြင်နေစဉ် PDF က ဝင်စီးရာ အုပ်ကြီး နှင့် ပျူစောထီး များ ထွက်ပြေး ၊ မုံရွာ၊ တောပုရွာအနီး တိုက်ပွဲဖြစ် ပွား ပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မန္တလေး၊ စဥ့်ကူးမြို့နယ်၊ ငပြင်းအင်းရွာတွင် စစ်သင်တန်းပေးရန် ပြင်နေစဉ် PDF တပ်များက ဝင်ရောက်စီးနင်းရာ အုပ်ကြီးနှင့်ပျူစောထီးများ ထွက်ပြေး သွား ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် စဥ့်ကူးမြို့နယ်၊ ငပြင်း အင်းကျေးရွာရှိ ပျူစောထီး သင်တန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် စီးနင်း ခဲ့ရာ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ကျော်ဝင်းနိုင်၊ ပျူစောထီး နှင့် ပျူစောထီး ခေါင်း ဆောင် ပါကြီးတို့ ထွက်ပြေးသွားကြောင်း သိရသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ထွက်ပြေးသွားသော ကြောင့် ပျူစောထီး စစ်သင်တန်းတက်ရန် စာရင်းပေးထားသူ ကို မေးမြန်း စိစစ် ခဲ့ ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်ဝင်းနိုင် နေအိမ်ကို ဝင်ရောက် ရှာဖွေစဥ် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် ၂ စစ်အခြေခံ လေ့ကျင့်ရေး တပ် သို့ ပေးပို့ရန် ပြင်ဆင်ထားသော ပျူစောထီး အင်အားစာရင်း ၊ ရွေး ကောက် ပွဲ ပြုလုပ်ရန် အိမ်ထောင်စုစာရင်းများနှင့် လက်ပစ်ဗုံးတစ်လုံးတို့အား ရှာဖွေ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

ထွက်ပြေးသွားသော ငပြင်းအင်းရွာ အုပ်ချုပ်ရေးမှူး ကျော်ဝင်းနိုင်သည် ဖေဖော် ဝါရီလ ၁၃ ရက်နေ့ ည ၁ဝ နာရီခန့်အချိန် ငပြင်းအင်းရွာသား အသက် ၅၀ အ ရွယ် ဦးမန်းနှင့် အသက် ၁၇ နှစ်အရွယ် သားဖြစ်သူ မောင်ခင် တို့ကို PDF များ ဟု လိမ်လည်စွပ်စွဲပြီး စစ်တပ်ကို အကြောင်းမဲ့ ဖမ်းဆီးခိုင်းခဲ့ကြောင်း၊ စစ်တပ် က သားအဖ နှစ်ဦးကို ရွာသစ်ကြီးနှင့် ကြို့ပင် အကြား ဆည်ဘောင်ပေါ်တွင် သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

ပျူစောထီး စစ်သင်တန်းတက်ရန် စာရင်း ပေးထားသူများနှင့် ရွာသူရွာသား များ ကို ငပြင်းအင်းကျေးရွာ စာသင်ကျောင်းတွင် စုစည်းစေပြီး ပျူစောထီး သင် တန်း မတတ်ရောက်ကြရန်နှင့် တော်လှန်ရေး အင်အားစုများကို ကူညီထောက် ပံ့ ကြရန် ဗိုလ်လင်းယုန်တပ်ဖွဲ့က ဟောပြောခဲ့ကြောင်း သိရှိရသည်။

စဉ့်ကူးမြို့နယ်၊ ငပြင်းအင်းရွာကို ဝင်ရောက်စီးနင်းမှုတွင် ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပ.က.ဖ)နှင့် ဗိုလ်ကောင်းကင်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၊ စဉ့်ကူးမြို့နယ် (ပ.က.ဖ) Nine PDF တပ်ဖွဲ့ တို့ ပူးပေါင်း ပါဝင် ဆောင်ရွက် ခဲ့ ကြ ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ် ကောင် စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း Brave Heart Army-BHA အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ ဝန်းကျင်ခန့်တွင် တောပု ပျူစောထီးရွာ အနီး လယ် ကွင်းအတွင်း၌ တော်လှန်ရေး မဟာမိတ် ရဲဘော်များ နှင့် အင်အား ၃၀ ဝန်းကျင်ရှိ တောပုပျူစောထီးများ တိုက် ပွဲဖြစ်ပွားခဲ့ပြီး ပျူ စော ထီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲအတွင်းမှာ ပျူစောထီး ၃ ဦးသေတယ်။ ပျူခွေးတွေဘက်က လက်နက် ကြီး ပစ်ကူတွေနဲ့ အင်အားထပ်ပြီး ဖြည့်တင်းလာလို့ လက်နက်ရယူနိုင်ဖို့ အခွင့် အရေး ဆုံးရှုံးခဲ့တယ်” ဟု Brave Heart Army-BHA အဖွဲ့မှ တာဝန်ရှိသူ တစ် ဦး က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Heart Army-BHA အဖွဲ့၊ Special Force-11 (PDF) အဖွဲ့၊ Monywa Special ဒိတ်ဒိတ်ကြဲ အဖွဲ့၊ Monywa Dynamite-STF(Special Force-11) အဖွဲ့၊ Monywa ဗန္ဓုလနှင့်အဖွဲ့သားများ အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article