28 C
Yangon

နောင်ချိုမရှိ ခမရ ၁၁၄ တပ်ရင်းကို PDF တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်မှု စစ်ဗိုလ် ၂ ဦးသေဆုံး၊ ကန့်ဘလူ၊ ချပ်သင်းရွာရှိ စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

နောင်ချိုမရှိ ခမရ ၁၁၄ တပ်ရင်းကို PDF တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်မှု စစ်ဗိုလ် ၂ ဦးသေဆုံး၊ ကန့်ဘလူ၊ ချပ်သင်းရွာရှိ စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်​၊ နောင်ချိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ခမရ ၁၁၄ တပ်ရင်းကို PDF တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ စစ်ဗိုလ် ၂ ဦးသေဆုံးကြောင်း နောင်ချို ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် အစောပိုင်းတွင် နောက်ချိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်မ ၅၅ လက်အောက် ခံ၊ ခမရ ၁၁၄ တပ်ရင်းကို PDF Pyin Oo Lwinနှင့် ရှမ်းမြောက် မဟာ မိတ် တပ်ပေါင်းစုများက လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အရာရှိ ၂ ဦးသေဆုံးခဲ့​ကြောင်း သိရသည်။

” ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက် ပစ်ခတ်ချိန်မှာ ခမရ ၁၁၄ တပ်ရင်း အရာရှိ ရိပ်သာကို လားရှိုးမြို့ ခလရ ၆၈ ကနေ အလည်ရောက်လာတဲ့ စစ်ဗိုလ် နှစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရတယ်” ဟု နောင်ချို ပကဖ တာဝန်ခံက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းရွာရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်း ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးကြောင်း ကျွန်း လှ တက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်တွင် ကန့်ဘလူမြို့နယ်၊ ချပ် သင်း ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ဒေါင်းရာဇာ အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့​ပြီး စစ်သား ၂ ဦးသေဆုံးခဲ့​ကြောင်း သိရသည်။

” စစ်ခွေးတွေက ကင်းပုန်းဝပ်ဖို့ ရွာအရှေ့ဘက်ထွက်တဲ့အချိန်မှာ မိုင်းဆွဲ တိုက် ခိုက်ခဲ့တာ ၂ ကောင်သေတယ်လို့တော့ ကာကွယ်ရေး အဖွဲ့တွေဆီက သိရ တယ်” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article