28 C
Yangon

ပြင်ဦးလွင် တပ်မတော် ဆက်သွယ်ရေး ဒုတိယ ကျောင်းအုပ် ဒုဗိုလ်မှူးကြီး ကျော်စိုးအောင်ကို သေဆုံးသည်အထိ ပစ်ခတ်ခဲ့သည့် စစ်သည် သတင်းအစ အန ပျောက်ဆုံးနေပြီး သေဆုံးဖွယ်ရှိဟုဆို၊ မိသားစုပါ အဖမ်းခံထားရ ဖွယ်ရှိ

Must read

ပြင်ဦးလွင် တပ်မတော် ဆက်သွယ်ရေး ဒုတိယ ကျောင်းအုပ် ဒုဗိုလ်မှူးကြီး ကျော်စိုးအောင်ကို သေဆုံးသည်အထိ ပစ်ခတ်ခဲ့သည့် စစ်သည် သတင်းအစ အန ပျောက်ဆုံးနေပြီး သေဆုံးဖွယ်ရှိဟုဆို၊ မိသားစုပါ အဖမ်းခံထားရ ဖွယ်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်း၊ ပြင်ဦးလွင် တပ်နယ်၊ ဆက်သွယ်ရေး နှင့် အီလက်ထရောနစ် သင် တန်း ကျောင်းမှ ဒုတိ ယ ကျောင်း အုပ် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင် ကို ဒုတပ်ကြပ်တစ်ဦးက သေနတ်ဖြင့် ပစ် သတ်ခဲ့ပြီး အဆိုပါ ပစ်ခတ်ခဲ့သော စစ်သည်မှာ သတင်းအစအန မရရှိတော့ဘဲ စစ်ကြောရေးတွင် သတ်ဖြတ်လိုက်ပြီဟု ယူဆရ ကြောင်း စစ်တပ် သတင်း ရင်းမြစ်များထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်း ပြင်ဦးလွင်၊ ဆက်သွယ်ရေးသင်တန်း ကျောင်း၊ ဗဟို ကင်း အနီးတွင် လုံခြုံရေးအတွက် အရာရှိနှင့်ရဲဘော်များကို တန်းစီ စကားပြောအပြီးတွင် ဒုတပ်ကြပ်တစ်ဦးက ဒုတိယ ဗိုလ်မှူး‌ကြီး ကျော်စိုးအောင် ကို အနီးကပ် ၂ ချက် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်ခံရပြီးနောက် ဆေးရုံ ကို အချိန်မီ ပို့ဆောင်ခဲ့သော်လည်း သေသွားခဲ့ကြောင်း ၊ ပစ်ခတ်ခံရပြီး သေဆုံးသွားသော ပြင်ဦးလွင် ဆက်သွယ်ရေးသင်တန်းကျောင်း ဒုတိယကျောင်းအုပ် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင်သည် ဗိုလ်သင်တန်း အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး စစ်ဦးစီး တက္ကသိုလ် (ကလော) ကျောင်းပြီး ထားပြီးဖြစ်ကြောင်း၊ ပုသိမ်တပ်နယ်မှ ပြင်ဦးလွင် ဆက်သွယ်ရေး သင်တန်း ကျောင်း သို့ ပြောင်းရွှေ့လာသူဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြင်ဦးလွင် ၈ မိုင် သုဿာန်တွင် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးကို သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

“ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင်ကို ပစ်သတ်ခဲ့တဲ့ စစ်သည်က ပစ်ခတ်မှုဖြစ်ပြီးတဲ့ ညနေကတည်းက သတင်းမကြားရတော့ဘူး။ နာမည်တွေ မိသားစုတွေ စုံစမ်းပေမယ့် ပေးမသိဘူး။ အဲဒီ စစ်သည်ကို စစ်ဆေးနေသလား၊ ဘယ်အချုပ်မှာထားလဲဆိုတာ မေးကြည့်ပေမယ့် သတင်းက မရတော့ဘူး။ စစ်ကြောရေးမှာပဲ သတ်လိုက်တာဖြစ်ဖို့များတယ်။ သူ့မိသားစုနဲ့ပတ်သက်တဲ့ သတင်းလည်း မရတော့ဘူး။ မိသားစုပါ အဖမ်းခံရထားဖို့ များပါတယ်။ ဒါက စစ်သည်က အရာရှိကြီးကို ပစ်ခတ် သတ်တာဆိုတော့ စံပြ အရေးယူမှု လုပ်တဲ့အခြေ အနေလို့ ပြောရမယ်” ဟု စစ်တပ်သတင်းရင်းမြစ်တစ်ခုက ပြောသည်။

ဓာတ်ပုံ- သေဆုံးသွားသည့် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင်နှင့် ၎င်းကို သဂြိုလ်ခဲ့သည့် စာရင်းဇယားမှတ်တမ်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article