28 C
Yangon

မကွေးတိုင်းအတွင်းရှိ စစ်ရေးပစ်မှတ် ၁၉ ခုကို မဟာဗျူဟာကျကျ တပြိုင်တည်းတိုက်ခိုက်မက စစ်သား ၃၁ ဦးသေဆုံးဟု MOD ထုတ်ပြန်

Must read

မကွေးတိုင်းအတွင်းရှိ စစ်ရေးပစ်မှတ် ၁၉ ခုကို မဟာဗျူဟာကျကျ တပြိုင်တည်းတိုက်ခိုက်မက စစ်သား ၃၁ ဦးသေဆုံးဟု MOD ထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

မကွေးတိုင်း၊ သရက်မြို့နယ်၊ မကွေးမြို့နယ်၊ စလင်းမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ပေါက်မြို့နယ်၊ ရေစကြို မြို့နယ်၊ ဆောမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဂန့်ဂေါမြို့နယ်တို့ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ နေရာများကို မဟာ ဗျူဟာ ကျကျ တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် အဆိုပါစစ်ရေးပစ်မှတ်များကို အမျိုးသားညီညွတ် ရေးအစိုး ရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ၊ သက်ဆိုင်ရာ ခရိုင်ကွပ်ကဲရေးအဖွဲ့များ၏ ကွပ်ကဲမှု နှင့် မဟာဗျုဟာကျကျ ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း အကြမ်းဖက် တပ်သား ၃၁ ဦး သေဆုံးခဲ့ကြောင်း၊ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊အကြမ်းဖက်စစ်တပ်၏ ပင်မ အဆောက်အအုံများ၊ ဘားတိုက်များ ပျက်စီးခဲ့ပြီး ကား၊ လက်နက်ငယ်များ၊ ကျည်ဆံများ၊ စစ်အသုံး အဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခဲ့သော စစ်ရေးပစ်မှတ်များမှာ သရက်မြို့နယ်ရှိ အမှတ် ၁၂ ကာကွယ် ရေးပစ္စည်းစက်ရုံ ၊ ရေ မျက်နီရဲစခန်း ၊ မကွေးမြို့နယ်ရှိ မကွေးလေတပ်စခန်းဌာနချုပ် ၊ စလင်းမြို့နယ်ရှိ တပ်မ ၁၀၁ လက် အောက်ခံ ခလရ ၂၅၃ ၊ ၂၅၄၊ ၂၅၅ ၊ ကံပြားရဲစခန်း ၊ ဆိပ်ဖြူမြို့နယ်ရှိ လေကြောင်းရန် ကာကွယ် ရေးတပ်မ ၉ ၊ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံအနီးရှိ ရန်သူ့ကင်းပုန်းစခန်း ၊ အမှတ် ၂၂ ကာ ကွယ်ရေးပစ္စည်းစက်ရုံ ၊ ပေါက်မြို့နယ်ရှိ ကိုင်းလယ်ရဲစခန်း ၊ ပခုက္ကူမြို့နယ်ရှိ စီးကောင်းရွာ ရန်သူ အ ထိုင်စခန်း၊ ရေစကြိုမြို့နယ်ရှိ ဇီးတောရွာအခြေစိုက် ပျုစောထီးစခန်း၊ ဆောမြို့နယ်ရှိ အမှတ် ၂၅ ကာ ကွယ်ရေးပစ္စည်းစက်ရုံ ၊ လောင်းရှည်ရဲစခန်းကုန်း၊ ညောင်နီချောင်း ရဲစခန်းကုန်း၊ ယွန်းချောင်း ၊ စက် တော်ရကုန်း၊ မီးသတ်ကုန်း ထီးလင်းမြို့နယ်ရှိ စစ်တပ်များတပ်စွဲထားသည့် မြို့နယ်အထွေထွေ အုပ် ချုပ်ရေးမှူးရုံး ဂန့်ဂေါမြို့နယ်ရှိ မင်းရွာရဲစခန်း တို့ဖြစ်ကြောင်း သိရသည်။

စစ်ဆင်ရေး တိုက်ပွဲများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင်တပ်ရင်းများ၊ မကွေးခရိုင် တပ်ရင်း များ၊ မင်းဘူးခရိုင်တပ်ရင်းများ၊ ပခုက္ကူခရိုင်တပ်ရင်းများ၊ ဂန့်ဂေါခရိုင်တပ်ရင်းများ၊ စစ်ကိုင်းခရိုင်တပ် ရင်းများ၊ မြင်းခြံခရိုင်တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေနံချောင်း)၊ (မင်းဘူး)၊ (ပွင့်ဖြူ)၊ (ထီး လင်း)၊ ဆိပ်ဖြူ မြို့နယ် (ဘာမထီအဖွဲ့)နှင့် ဒေသကာကွယ်ရေးအဖွဲ့များတိုက် ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article