29 C
Yangon

မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များ၏ မိသားစုဝင်များအားလုံး စီးပွား ရေးပိတ် ဆို့မှုနှင့် ဒဏ်ခတ်အရေးယူမှုများ ရှောင်လွှဲ ရန် နာမည်ပြောင်းလဲထားသော နိုင်ငံကူးလက်မှတ် ၃ ခုနှင့် မှတ်ပုံတင် ၃ ခု ကိုင်ဆောင်ထား

Must read

မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များ၏ မိသားစုဝင်များအားလုံး စီးပွား ရေးပိတ် ဆို့မှုနှင့် ဒဏ်ခတ်အရေးယူမှုများ ရှောင်လွှဲ ရန် နာမည်ပြောင်းလဲထားသော နိုင်ငံကူးလက်မှတ် ၃ ခုနှင့် မှတ်ပုံတင် ၃ ခု ကိုင်ဆောင်ထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များက ပြည်သူလူထုကို နိုင်ငံကူးလက်မှတ်များ ထုတ်ပေးမှု ရပ်ဆိုင်း ထားသော်လည်း ၎င်းတို့၏ မိသားစုဝင်များအတွက် အမည်နာမည် ပြောင်းလဲထားသော နိုင်ငံကူးလက်မှတ် ၃ ခုစီ၊ မှတ်ပုံ တင် ၃ ခု စီ ထုတ်ယူ ကိုင်ဆောင်ထားကြောင်း စစ်ဘက်သတင်းအသိုင်းအ၀ိုင်းနှင့် ပြည်ထဲရေး သတင်းရင်းမြစ် များထံမှ သိရှိရသည်။

အမေရိကန်၊ ဥရောပ၊ ကနေဒါ အပါအဝင် အနောက်နိုင်ငံများက စစ်ဗိုလ်ချုပ်များနှင့် မိသားစုဝင်များကို စီးပွားရေး ပိတ်ဆို့မှုများ၊ ခရီးသွားလာခွင့် ပိတ်ပင်သော အရေးယူဒဏ်ခတ်မှုများ လုပ်ဆောင်လာကြောင်း၊ လိုအပ်ချက်ကြောင့် ပြည်ပနိုင်ငံများသို့ ခရီးသွားရောက်ရပါက အဆိုပါ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန်၊ အမည် နာမည် ပြောင်းလဲထားသော နိုင်ငံကူးလက် မှတ်များ၊ မှတ်ပုံတင်များကို ထုတ်ယူ ကိုင်ဆောင်ထားကြခြင်း ဖြစ် ကြောင်း သိရှိရသည်။

“အဲဒါက မှန်ပါတယ်။ နာမည်မတူတဲ့ မှတ်ပုံတင်တွေ ကိုင်ထားတာလည်းမှန်တယ်။ အမည်ပြောင်းထားတဲ့ နိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင် ထားတာလည်းမှန်ပါတယ်။ ဒါပေမယ့် တစ်ဦးကို ၃ ခုစီ ကိုင်ဆောင်ထားတယ်ဆိုတာမျိုး အတိအကျကြီး ပြောလို့မရဘူး။ လိုအပ်သလောက် ထုတ်လို့ရနေတာဆိုတော့ ၃ ခုထက်လည်း ပိုနိုင်တယ်။ လက်ရှိ နာမည်အရင်းနဲ့ နိုင်ငံကူးလက်မှတ်တွေလည် စီးပွားရေးပိတ်ဆို့မှုမရှိတဲ့ နိုင်ငံတွေ သွားရင် သုံးကြတယ်” ဟု ပြည်ထဲ ရေး သတင်းရင်းမြစ်က ပြောသည်။

ယခုဖေဖော်ဝါရီလဆန်းပိုင်း အကြမ်းဖက် မင်းအောင်လှိုင်၏ မိန်းမ ကြူကြူလှနှင့် သားသမီး၊ မြေးများ စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့ရာတွင်မူ နာမည်အရင်းဖြင့် နိုင်ငံကူးလက်မှတ်များကို အသုံးပြုခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ဗိုလ်ချုပ် မိသားစုဝင်များက စင်ကာပူနှင့် ထိုင်းတွင် ကွန်ဒိုနှင့် တိုက် ခန်းများ ဝယ်ယူမှုရှိပြီး ပြည်ပ ဘဏ်ငွေ စာရင်း အကောင့်များ ဖွင့်လှစ်ထားကြကြောင်း၊ ထိုင်းနိုင်ငံတွင် ဘိန်းမူးယစ်ရာဇာ ထွန်းမင်းလတ်ထံမှ မင်းအောင် လှိုင်၏ သား အောင်ပြည့်စုံ အမည်ပေါက် ကွန်ဒိုတိုက်ခန်းနှင့် သမီး ခင်သီရိသက်မွန်၏ ဘဏ်အကောင့် တွေ့ရှိခဲ့ပြီးနောက် စစ်တပ်ခေါင်းဆောင် မိသားစုဝင်များက နာမည်အရင်း အသုံးမပြုကြတော့ဘဲ နာမည်ပြောင်းလွဲထားသော ပတ်စ်ပို့နှင့်ဘဏ်စာရင်းများကိုသာ အသုံးပြုကြကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

“ပြည်ပမှာ ဘဏ်စာရင်းဖွင့်တာ၊ ကွန်ဒိုနဲ့တိုက်ခန်းတွေ ဝယ်တာမှာ နာမည်အရင်း ပတ်စ်ပို့တွေ မသုံးကြတော့ဘူး။ ပိုင်ဆိုင်မှုတွေ ပိတ်ဆို့ခံရမှာစိုးလို့ နာမည်ပြောင်းတဲ့ ပတ်စ်ပို့တွေ သုံးနေကြပါတယ်။ နာမည်အရင်းနဲ့ မလုပ်ကြတော့ဘူး” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဖမ်းဆီးခံထားရသော မူးယစ်ရာဇာ ထွန်းမင်းလတ်ထံမှ မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သော အိပ်ခန်း ၄ ခန်းပါ ဘတ် ၃၃ သန်းတန် Belle Grand Rama 9 ကွန်ဒိုတိုက်ခန်း၊ ခင်သီရိသက်မွန်၏ Siam Commercial Bank ငွေစုစာအုပ်နှစ်အုပ်ကို ထိုင်းအစိုးရက သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်၏ ဇနီး သားသမီးများနှင့် ဆွေမျိုး ညီအစ်ကို မောင်နှမများကို သီတဂူဘုန်းကြီးနှင့် အတူတွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article