30 C
Yangon

မန္တလေးတွင် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရပြီး သေနတ် ၁ လက်နှင့်ငွေများ သိမ်းဆည်းရမိကာ ပြည်ကြီးမျက်ရှင် ရပ်ကွက်ရုံး ပစ်ခတ်တိုက်ခိုက်ခံရ ၊ ရွှေကျင်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရ

Must read

မန္တလေးတွင် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရပြီး သေနတ် ၁ လက်နှင့်ငွေများ သိမ်းဆည်းရမိကာ ပြည်ကြီးမျက်ရှင် ရပ်ကွက်ရုံး ပစ်ခတ်တိုက်ခိုက်ခံရ ၊ ရွှေကျင်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်တွင် မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်မှ ရာအိမ်မှူးဇော်ဝင်းထွန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကာ ၎င်းထံမှ သေနတ် ၁ လက်နှင့်ငွေ၊ ဖုန်းများ သိမ်းဆည်းရမိကြောင်း အောင်စည်တော် စစ်ဆင်ရေးထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် မန္တလေးမြို ချမ်းမြသာစည်မြိုနယ်၊၇၉လမ်း ပညာပျိုးခင်းထောင့်တွင် ဆိုင်ကယ်စီးနင်းလာသော မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက် ရာအိမ်မှူးဇော်ဝင်းထွန်းကို ပစ်ခတ်ရာမှ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ၎င်းထံမှ လက်လုပ် ပွိုင့် 22 တစ်လက်၊ ပွိုင့် 22 ကျည် ၁၅ တောင့်၊ ငွေ ၃၂၈၀၀၀ ကျပ် ၊ ဖုန်းတစ်လုံး နှင့် တခြားဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိကြောင်း သိရှိရသည်။

“မနေ့ညနေပိုင်း ဘုရားကြီးအရှေ့မုခ် ရတနာပူရပြတိုက်လမ်း ပညာပျိုးခင်းဘုန်းကြီးကျောင်းရှေ့မှာ ရာအိမ်မှူး ဇော်ဝင်းထွန်း အပစ်ခံရတာ။ သေတာကတော့ ပွဲချင်းပြီးပဲ။ ပစ်သွားတာက လူငယ် ၂ ဦးပဲ။ ဆိုင်ကယ်နဲ့ဘေးချင်းယှဉ်ပြီး ခဏရပ်တုန်း ပစ်လိုက်တာ။ အဲဒီဇော်ဝင်းထွန်းက အိတ်ထဲမှာ သေနတ်ထည့်ပြီး လျှောက်သွားနေတာ။ အာဏာ ပါဝါ ပြချင်တဲ့ ရာအိမ်မှူးပဲ” ဟု မန္တလေး ကင်းထောက်လူငယ်တစ်ဦးက ပြောသည်။

ထို့ပြင် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြိုနယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်ရုံးကို ဗုံးဖြင့် ပစ်ခတ်ခြင်း၊ သေနတ်ဖြင့် ၂ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အောင်စည်တော်စစ်ဆင်ရေးက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြိုနယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်ရုံးကို ဗုံး ၁ လုံးဖြင့် ပစ်ပေါက်၍ ပစ္စတိုဖြင့် ရုံးအတွင်းသို့ ၂ ချက်ပစ်ခတ် ခဲ့ကြောင်း၊ စစ်ကောင်စီအလိုကျ ပစ်မှတ်ထားအုပ်ချုပ်နေသည်ကို လက်မခံနိုင်သောကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ရေအေးမြောင်‌ကျေးရွာ အုပ်ချုပ်ရေးမှူးကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရွှေကျင်မြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၇ နာရီခန့်တွင် ရွှေကျင်မြို့နယ်၊ ကံဘေးအိုင်ကျေးရွာအုပ်စု ရေအေးမြောင်‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး အောင်ဆန်းလင်းကို ရွှေကျင်မြို့နယ် ပကဖ အဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာ အပြင်းအထန် ရရှိကာ ပဲခူး ပြည်သူ့ဆေးရုံ၌ အတွင်း လူနာအဖြစ် ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အောင်ဆန်းလင်းသည် အကြမ်းဖက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဖြစ်ပြီး စစ်ကောင်စီက ကျင်းပမည့် တရားမဝင် ရွေးကောင်ပွဲအတွက် လူဦးရေးစာရင်းများ ကောက်ခံပေးခြင်း၊ ပြည်သူများအပေါ် စစ်ကောင်စီနှင့်ပူးပေါင်း၍ ခြိမ်း ခြောက်ခြင်း၊ လောင်းကစားဝိုင်းများပြုလုပ်၍ စစ်ကောင်စီထံ ဆက်ကြေးပေးသွင်းခြင်း၊ ခရီးသွားပြည်သူများအား အမျိုးမျိုးအဖုံဖုံ စစ်ဆေးနှောက်ယှက်မှုများကို ကျူးလွန်လုပ်ဆောင်နေသဖြင့် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရွှေကျင်မြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ- မန္တလေးမြို့ ချမ်းမြသာစည်မြိုနယ်၊၇၉လမ်း ပညာပျိုးခင်းထောင့်တွင် ဆိုင်ကယ်စီးနင်းလာသော ရာအိမ်မှူးဇော်ဝင်းထွန်းကို ပစ်သတ်ခံရပြီးနောက် လူများစုဝေးလာကြည့်ကြစဉ်။

Photo- VOMDY

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article