30 C
Yangon

မလေးရှားနိုင်ငံတွင် တော်လှန်ရေး ရန်ပုံငွေဘောလုံးပွဲနှင့် အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်

Must read

မလေးရှားနိုင်ငံတွင် တော်လှန်ရေး ရန်ပုံငွေဘောလုံးပွဲနှင့် အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

မလေးရှားနိုင်ငံ စွန်ဂိုင်းပူလို့မြို့၌ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် တော်လှန်ရေး ရန်ပုံငွေ ဘောလုံးပွဲနှင့် အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို မလေးရှားရောက် မြန်မာများ စုပေါင်း၍ ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။

မလေးရှားရောက် မြန်မာများမှ တနင်္ဂနွေ အလုပ်ပိတ်ရက် အပတ်စဉ်တိုင်း တော်လှန်ရေးပွဲများ ကျင်းပလျက်ရှိပြီး ယခုကျင်းပသည့် ပွဲကို စွန်ဂိုင်းပူလို့မြို့ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် မသဲသဲအေးတို့မှ ပူးပေါင်း ကျင်းပခဲ့ကြခြင်းဖြစ်သည်။

ဘောလုံးအသင်း ၁၀ သင်း ပါ၀င် ယှဉ်ပြိင်ကြပြီး ဘောလုံးပြိုင်ပွဲ ကျင်းပနေစဉ် အတွင်း “တွဲလက်တွေညီ အမန်ပူရီ “တော်လှန်ရေးညီအကိုမောင်နှမများအဖွဲ့မှ စားသောက်စရာများ ရောင်းချခဲ့ကြကာ မြန်မာမှု အိုးစည်၊ ဒိုးပတ်များနှင့် တေးသီချင်းများ တီးခတ်ဖျော်ဖြေကြကြောင်း၊ ပွဲသို့လာရောက်အားပေးသူများ စုပေါင်း၍ အကြမ်းဖက်စစ်ကောင်စီမှ ပြုလုပ်မည့် တရားမ‌၀င်ရွေးကောက်ပွဲကို အလိုမရှိကြောင်း ကြွေးကြော်၍ ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article