30 C
Yangon

မုံရွာမြို့တွင် PDF၏ အလစ်အငိုက် တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံး၊ ပေါက်မြို့နယ်တွင်လည်း ပျူစောထီး ၁ ဦးသေဆုံး

Must read

မုံရွာမြို့တွင် PDF၏ အလစ်အငိုက် တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံး၊ ပေါက်မြို့နယ်တွင်လည်း ပျူစောထီး ၁ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့ဝင်ရပ်၊ ရေဦးဆန်ဆိုင်နားတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Chindwin Attack Force ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က မုံရွာမြို့ဝင်ရပ်ကွက်၊ ရေဦးဆန်ဆိုင်အနီး တွင်တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို အထူးစုံစမ်းဆင်ရေးတပ်ဖွဲ့မှ အသုံမိုင်းခွဲကာ မျှားခေါ် ပြီး ဗန်ကာထဲမှ ထွက်လာသော အကြမ်းဖက်စစ်သား ၂ ဦးကို အလစ်အဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦးစလုံးနေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂ ၊ တပ်ရင်း ၃ ၊ တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့(Monywa The Boys) အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့ (Chindwin Attack Force) ၊ Spring Dove တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်း ဒီးဒုတ်ကွင်းကျေးရွာ မှ ပျူစောထီးတစ်ဦးသည် မိုင်းနင်းမိ‌ပြီး သေဆုံးသွားကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ သတင်းပြန်ကြားရေး တာဝန်ခံ လင်းယုန်က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- Chindwin Attack Forceမှ တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article