28 C
Yangon

မြင်းမူနှင့် အရာတော်မှ စစ်ကြောင်းနှစ်ခု ပါင်းဆုံစဉ် တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

Must read

မြင်းမူနှင့် အရာတော်မှ စစ်ကြောင်းနှစ်ခု ပါင်းဆုံစဉ် တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာများကို လှည့်လည် စစ်ကြောင်း ထိုး မီရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကြောင်းနှစ်ခု ပြန်လည် ပေါင်းဆုံစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တောင်သာ PDF မှတာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြင်းမူမြို့နယ်၊ ပဒတ္ထိုင်းရွာကို မီးရှို့ပြီး စိုင်မြစ်ရွာဘက်သို့ ထွက် လာသော အကြမ်းဖက်စစ်ကြောင်းနှင့် အရာတော်မြို့နယ် ကန်းရင်းမလဲသာ ကျေးရွာ တို့ဘက်မှ ထွက် လာသော အကြမ်းဖက်စစ်ကြောင်းနှစ်ခုပေါင်းဆုံစဉ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များမှ အလစ် အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကင်းထောက်ရင်း အမှတ် မထင်တွေ့လို့ အလျှင်အမြန်နေရာယူပြီးတိုက်ခိုက်ခဲ့တာ၊ ပေ ၁၅၀ လောက် အကွာကနေ ထိပ်တိုက်ရင်ဆိုင်တိုက်ခဲ့ကြတာပါ၊ ကိုယ့်ဘက်က ကျည်ကွယ်၊မျက်ကွယ် အရင်နေရာယူ တိုက်ခိုက်နိုင်ခဲ့တာဆိုတော့ ခွေး ၃ ကောင် နေရာမှာပဲ ပွဲချင်းပြီးသေတယ်၊ ၁၅ ကောင်အထက်ဒဏ်ရာ ရတယ်၊ အဲဒါကို ကင်းထောက်က မှတ်တမ်းရုပ်သံရိုက်ကူးနိုင်ခဲ့ပါတယ်” ဟု တောင်သာ PDF မှတာဝန်ရှိ သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ဒဏ်ရာစစ်သားများကို စိုင်မြစ်ရွာမြောက်ဘက်ရှိ တောကျောင်းကြီး ဘုန်းကြီးကျောင်း၌ ဆေးကုသနေ သည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို တောင်သာမြို့နယ် အခြေစိုက် တောင်သာ PDF ၊ Delta Force Taungtha ၊ PRFK ကျောက်ဆည်၊ မလှိုင်မြို့နယ် တော်လှန်ရေးအင်အားစုတို့ပူး ပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၄ ရက်ကြာသည်အထိ ရင်ဆိုင် တိုက်ပွဲများ ဆင်နွှဲနေရ သည့်အတွက် ၇ ဒသမ ၆၂ ကျည်နှင့် ၅ ဒသမ ၅၆ ကျည်များ ပြတ်လပ် နေသည့် အတွက် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်း တောင်သာ PDF က မေတ္တာရပ်ခံ ထားသည်။

ဓာတ်ပုံ- တောင်သာ PDF တပ်ဖွဲ့ဝင်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article