33 C
Yangon

ရန်ကုန်တိုင်း၊လှည်ကူးတွင် မိသားစုဝင် ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံး ၊ အသတ် ခံရသည့် အကြောင်းအရင်း မသိရသေးဘဲ သေဆုံးသူများတွင် ကလေးငယ် ၁ ဦး ပါဝင်

Must read

ရန်ကုန်တိုင်း၊လှည်ကူးတွင် မိသားစုဝင် ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံး ၊ အသတ် ခံရသည့် အကြောင်းအရင်း မသိရသေးဘဲ သေဆုံးသူများတွင် ကလေးငယ် ၁ ဦး ပါဝင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ မေဃ၀တီ ၄ လမ်း၊ မြို့ကြီး ကုန်းဘက်တွင် မိသားစုဝင် ၅ ဦး ပစ်သတ်ခံရပြီး သေဆုံးကြောင်း ဒေသပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၈ နာရီအချိန် သေနတ် ၅ ချက်ထက် မနည်း ကြားရပြီး စျေးတွင် ငါးပိ၊ ငါးခြောက်ရောင်းသူ ဒေါ်ဆန်းနွဲ့ မိသားစုဝင် ၅ ဦးလုံး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အသတ်ခံရသူများတွင် ကလေးငယ် ၁ ဦးပါဝင် ကြောင်း သိရှိရသည်။

“သေနတ်သံတွေကြားရတယ်။ အော်သံ ဟစ်သံတွေကြားရလို့ ပြေးလာတော့ မိသားစု ဝင်တွေက သွေးအိုင်ထဲမှာ။ ဘယ်သူတွေ ဘာကြောင့်လဲ သတ်လဲ မသိရ သေးဘူး။ အသတ်ခံရသူတွေက စျေးသည်တွေပါ။ ဘာကြောင့် သတ်တာ လဲမသိဘူး။ ပစ္စည်းတွေ ဘာတွေ ပါသွားတာလဲ မသိရသေးဘူး။ လမ်းပေါ် လူမပြတ်သေးဘူး ဖြစ်တဲ့အချိန်က” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအတွက် ဝါဒဖြန့်နေကြသည့် သတင်းဌာနများ၊စစ်လော်ဘီ တယ်လီဂရမ်ကွန်ရက်များတွင် လှည်းကူးမှ မိသားစုဝင် ၅ ဦးကို PDF များက သတ်ဖြတ်သည်ဆိုသော ဝါဒဖြန့် သတင်းထုတ်လွှင့်များကို ဓာတ်ပုံများ နှင့်တကွ ဆက်တိုက် လုပ်ဆောင်လျက်ရှိသည်ကို မြင်တွေ့ရသည်။

လက်ရှိတွင် အခင်းဖြစ်ပွားသည့်နေရာသို့ စစ်တပ်နှင့်ရဲများ ရောက်ရှိနေပြီး စစ်ဆေးမှုများ လုပ်ဆောင် နေ ကြောင်း၊ နာရေးကိစ္စအတွက် ကျန်ရစ်သော အမျိုးများကိုလည်း ဆက်သွယ် နေကြသည်ဟု ဒေသပြည်သူများက ဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article