28 C
Yangon

ရေစကြို သဲတောကျေးရွာတွင် မင်္ဂလာဦး PDF လူငယ် ဇနီးမောင်နှံကို စစ်တပ်က သတ်ဖြတ်၊ မိုင်းဆွဲတိုက် ခိုက်မှုကြောင့် စစ်သား ၂ ဦးသေဆုံး

Must read

ရေစကြို သဲတောကျေးရွာတွင် မင်္ဂလာဦး PDF လူငယ် ဇနီးမောင်နှံကို စစ်တပ်က သတ်ဖြတ်၊ မိုင်းဆွဲတိုက် ခိုက်မှုကြောင့် စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာတွင် မင်္ဂလာဆောင်ကြတော့မည့် မင်္ဂလာဦး PDF လူငယ်ဇနီးမောင်နှံကို စစ်တပ်က သတ်ဖြတ် မီးရှို့သွားကြောင်း Southern YSO PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်း ရေစကြိုမြို့နယ် သဲတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး အပြစ်မဲ့ပြည်သူများကို ဓားစာခံဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် သဲတောကျေးရွာနှင့် တစ်မိုင်ခန့်ဝေးသော Southern YSO PDF ကင်းစခန်းငယ်တစ်ခုသို့ နံနက် ၈ နာရီ ၂၅ မိနစ်အချိန် စစ်တပ်က ဝင်ရောက်လာစဉ် PDF တပ်များက မိုင်းဆွဲတိုက်ခိုက်ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို Southern YSO PDF၊Urban Underground Revolution Force (UURF-YSO)ဗိုလ်ရာဟု တပ်ခွဲ၊Shwe Nyar Myae People Defense Force(YSO)၊Yesagyo Revolution Force (YRG)၊ညီ နောင် သုံးဖော်၊ Zarmani Blood Guerilla Army.Myaing အဖွဲ့များက မိုင်း ၃ လုံး ရှေ့ထွတ်ပြောင်း ၃ လုံးဖြင့် တိုက်ပွဲပုံဖော်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် စစ်တပ်က မင်္ဂလာဆောင်ကြတော့မည့် မင်္ဂလာဦး PDF လူငယ် ဇနီးမောင်နှံကို ဖမ်းဆီး သတ်ဖြတ်သွားကြောင်း၊ အဆိုပါ PDF ဇနီးမောင်နှံသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မင်္ဂလာဆောင်ကြမည့် ဇနီးမောင်နှံဖြစ်ကြောင်း ၊ ရဲဘော် ၂ ဦးလုံးသည် Urban Underground Revolution Force (UURF -YSO)တပ်ခွဲ ဗိုလ်ရာဟုအဖွဲ့ မှရဲဘော်များဖြစ်ပြီး Southern YSO PDF အဖွဲ့မှာ တော်လှန်ရေးအစကနေ ယခုချိန်ထိ အတူနေတိုက်ပွဲဝင် မိသားစု ညီအကိုများ ဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က Southern YSO PDF အခြေစိုက် စခန်းကို မီးရှို့ဖျက်ဆီးသွားပြီး Glock အတို တစ်လက် ကျည်ဆံ ၆၅ တောင့်၊ လက်နက် ထုတ်လုပ်ရေး ပစ္စည်းအမြောက်အများ ၊ဆိုင်ကယ်များ၊ ရဲဘော်အသုံးအဆောင်ပစ္စည်းများ ၊ ဆိုလာ ၊ဘတ်ထရီ ၊အင်ဘာတာ၊ရိက္ခာပစ္စည်းများ မီးရှို့ခံရပြီး ကာလတန်ကြေး သိန်း ၃၀၀ ခန့် ဆုံးရှုံးနစ်နာခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article