29 C
Yangon

ရွှေဘိုတွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး၊ အရာတော်၊ ဝက်လက် နှင့် ရွှေဘိုတို့ တွင် စစ်တပ် က အင်အား ၁၀၀၀ ကျော် ဖြင့် ကျေးရွာ များကို စစ်ကြောင်း ထိုး ဖျက်ဆီးမီး ရှို့နေ

Must read

ရွှေဘိုတွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး၊ အရာတော်၊ ဝက်လက် နှင့် ရွှေဘိုတို့ တွင် စစ်တပ် က အင်အား ၁၀၀၀ ကျော် ဖြင့် ကျေးရွာ များကို စစ်ကြောင်း ထိုး ဖျက်ဆီးမီး ရှို့နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာနှင့် ရွာသစ်ကျေးရွာ အကြားတွင် စစ်တပ်စစ် ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က အင်အား ၈၀ ခန့်ဖြင့် ရွှေဘို မြို့နယ်၊ ကင်းဗျားကျေးရွာဘက်မှ ရွာသစ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက အသင့်ထောင်ထားသော ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က ရွာသစ်ကျေးရွာနှင့် ဇီးတောကျေးရွာဘက်သို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း မဟာမိတ်တပ်များ အထိအခိုက်မရှိကြောင်း သိရှိရသည်။

စစ်ဆင်ရေးတိုက်ခိုက်မှုကို သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဒေါင်းတမာန်ပြည်သူ့ ကာကွယ် ရေးအဖွဲ့၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အောင်ဘော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တာ နောယက္ခ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပူးပေါင်း တိုက်ခိုက်ခဲ့ ခြင်းဖြစ် ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ ရွာသစ်ကျေးရွာနှင့် ဇီးတောကျေးရွာဘက်သို့ လက်နက်ကြီး များ ဖြင့် ရမ်းသမ်းပစ်ခက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလအတွင်း အရာတော်မြို့နယ်၊ ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် စစ်အုပ်ချုပ် ရေး ကြေညာပြီးနောက် အင်အား ၁၀၀၀ ကျော်ဖြင့် မြို့နယ် ၃ ခုကို စစ်ကြောင်းထိုးနေကြောင်း ဝက်လက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရာတော် ဝက်လက် ရွှေဘို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ဝက်လက်မြို့နယ်မှာ စစ်တပ် အင်အား ၃၀၀ ကျော် ထပ် မံတိုးမြင့်ပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတယ်။ လှတော အထိုင်စခန်းအင် အား ၃၀၀ ခန့်ထိုင်ချပြီး စင်းတဝဲကျေးရွာ၊အုန္ဒဲဘုတ်ကျေးရွာဘက်သို့ အင်အား ၈၀ ခန့်စစ်ကြောင်းထိုး လက်နက်ကြီးများဖြင့် ပစ်ခတ်နေတယ်။ တပြိုင်နက်တည်း အရာတော် ရွှေဘိုဘက်မှာလည်း စစ်ကြောင်းတွေထိုးပြီး အင်အားများ အများ အပြားရောက် ရှိနေတယ်” ဟု ဝက်လက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article