28 C
Yangon

ရွှေဘိုမြို့နယ်ရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့်ကျေးရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့ ဖျက်ဆီး

Must read

ရွှေဘိုမြို့နယ်ရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့်ကျေးရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့ ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့်ကျေးရွာများကို စစ်တပ်က ယနေ့ ရွာလုံးကျွတ် မီးတင်ရှို့ဖျက် ဆီး နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ရွှေဘိုမြို့နယ်၊ ကျောက်‌မြင့်ကျေးရွာကို ပစ်ခတ်၍ ဝင်ရောက်လာသော စစ်ကြောင်းက ရွာလုံးကျွတ် မီးတင်ရှို့ကြောင်း၊ ယင်းနောက် တင့်တယ်ကျေးရွာသို့ ဝင်ရောက်လာပြီး မီးတင်ရှို့လျက်ရှိရာ ယနေ့ညပိုင်းအထိ မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး ရွာလုံးကျွတ် ပြာကျနိုင်ခြေရှိကြောင်း ဒေသပြည်သူများက ပြောသည်။

“ပြည်သူတွေအားလုံးကတော့ ထွက်ပြေးနေရတယ်။ တင့်တယ်ရွာက မီးခိုးလုံးတွေတက်နေတာ တစ်နေကုန်ပဲ။ တစ်ရွာလုံးကုန်ပြီ ထင်ပါတယ်။ သီးလုံးကျေးရွာမှာရှိတဲ့ စစ်ခွေးနဲ့ ပျူစောထီးတွေ ရှို့နေကြတာ။ အခြေအနေဆိုးပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

လက်ရှိ စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေသော ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများ၏ အခြေအနေကို အသေးစိတ် မသိရှိရသေးကြောင်း‌ ဒေသပြည်သူများက ဆိုကြသည်။

Exif_JPEG_420
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article