34 C
Yangon

ရွှေဘိုမြို့နယ်၊ ရေတော်မူရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃၂ လုံးပြာကျ

Must read

ရွှေဘိုမြို့နယ်၊ ရေတော်မူရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃၂ လုံးပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရေတော်မူရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၂ လုံးပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ရေတော်မူရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၃၂ လုံးပြာကျခဲ့ကြောင်း သိရသည်။

” ရေတော်မူရွာနားမှာ တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေက ရွာကို ဝင်စီးပြီး မီးရှို့တာပဲ ပြည်သူပိုင် နေအိမ် ၃၂ လုံးပြာကျခဲ့တယ်။ ပြည်သူတွေကတော့ အချိန်မီ ရှောင်ရှားနိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article