29 C
Yangon

ရွှေဘို၊ တင့်တယ်ရွာနှင့် ကျောက်မြင့်ရွာကို စစ်တပ်က မီးတင်ရှို့ပြီး ပြည်သူ ၃ ဦး ကို စစ်တပ်က မီးရှို့သတ်ဖြတ်

Must read

ရွှေဘို၊ တင့်တယ်ရွာနှင့် ကျောက်မြင့်ရွာကို စစ်တပ်က မီးတင်ရှို့ပြီး ပြည်သူ ၃ ဦး ကို စစ်တပ်က မီးရှို့သတ်ဖြတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တင့်တယ်ရွာနှင့် ကျောက်မြင့်ရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက် မီးရှို့ပြီး တင့်တယ်ကျေးရွာမှ ပြည်သူ ၃ ဦး ကို စစ်တပ်က မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က သီးလုံးရွာနှင့် မြင်းဆည်ရွာတို့တွင် တပ်စွဲထားသော အ ကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် အင်အားအများအပြားဖြင့် အနီးရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့် ကျေးရွာတို့အတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်လာကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးပြီး အမျိုးသား၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို မီးရှို့သတ်ဖြတ်သွားခြင်းဖြစ် ကြောင်း သိရသည်။

“အမျိုးသား ၂ ဦးနဲ့အမျိုးသမီး ၁ ဦးကို မီးရှို့သတ်သွားတာ၊ အမျိုးသား၁ ဦးဆိုရင် လည်လှီးခံရ တယ်၊ အမျိုးသမီးက သိပ်စိတ်မနှံ့သူ။ ရွာသားတွေထွက်ပြေးတော့ သူ့ကိုခေါ်သေးတယ်၊ မရတာ၊ သတ်မယ်လည်း ထင်မထားလို့၊ ရွာထဲဝင်မီးရှို့တော့ ရွာသားတွေက ရွာပြင်ဘက်ကနေ ကြည့်ကြတာကို ရွာထဲမှရှိတဲ့ သုံးတပ်တိုက်အပေါ်တက်ပြီး စက်သေနတ်နဲ့ဆွဲပစ်တာ၊ တစ်ယောက်ပေါင်ထိဒဏ်ရတယ်” ဟု ဒေသခံရွာသားက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၅၀ ခန့်ရှိသော တင့်တယ်ရွာသည် တစ်ရွာ လုံး နီးပါး၊ အိမ်ခြေ ၁၅၀ ခန့်ရှိသော ကျောက်မြင့်ရွာမှာ အိမ်ခြေ ထက်ဝက်နီးပါး မီးလောင်ပြာ ကျခဲ့ကြောင်း ၊ အကြမ်းဖက်စစ်တပ်၊ ပျူစောထီးများက နေအိမ်များအပြင် လယ်ယာသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်း များ ၊ အိမ်သားများပါမချန် အားလုံးမီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဘုရားစင်တောင် မချန်ဘူး၊အကုန်ရှို့သွားတာ၊ ကျောက်မြင့်ရွာဆိုရင် မြင်းဆည်ရွာ ပျူစောထီးတွေ ကို စပါးစိုက်ချင်လည်း ဆက်ကြေးပေးရတယ်၊ လယ်ထွန်ချင်လည်း ဆက်ကြေးပေးရတယ်၊ စပါးရိတ်လည်း ဆက် ကြေးပေးရတယ်၊ ဘာလုပ်ချင်၊ လုပ်ချင် ဆက်ကြေးပေးနေရတာ၊ လယ်ဧကများရင်များသလို ပေး ရတယ်၊ တစ်သိန်းခွဲ၊ တစ်သိန်း၊ ငါးသောင်း၊ အရက်၊ ဆီ၊ဆန်အဲလိုရိက္ခာတွေလည်း ပေးရတယ်၊ အရင်က တော့ အေးရင်ပြီးရောဆိုပြီးနေခဲ့ကြတာ၊အခုတော့ ရွာပါမီးရှို့ဖျက်ဆီးသွားပြီ” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရွှေဘိုမြို့နယ်ရှိ အိမ်ခြေ ၂၅၀ ခန့်ရှိသော တင့်တယ်ကျေးရွာတွင် စစ်တပ်၏ မီးရှို့မှုကြောင့် ရွာလုံးကျွတ် ပြာကျနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article