28 C
Yangon

ဟုမ္မလင်း၊ ရွှေပြည်အေးမြို့သစ်ကို PDF မဟာမိတ်တပ်ပေါင်းစုများ သိမ်းပိုက် ထားပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်နေ ၊ စစ်တပ်က စစ်အင်အားတိုး၍ မြို့ကို ပြန်သိမ်းရန် ကြိုးစားနေ

Must read

ဟုမ္မလင်း၊ ရွှေပြည်အေးမြို့သစ်ကို PDF မဟာမိတ်တပ်ပေါင်းစုများ သိမ်းပိုက် ထားပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်နေ ၊ စစ်တပ်က စစ်အင်အားတိုး၍ မြို့ကို ပြန်သိမ်းရန် ကြိုးစားနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်ကို သိမ်းပိုက် ရရှိထား ကြောင်း PDF မဟာမိတ်ပေါင်းစုက သတင်း ထုတ် ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာရှင်ဟောင်း သန်းရွှေ လက် ထက် တွင် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်သာအေး တည် ဆောက်ခဲ့သော ရွှေပြည်အေးမြို့သစ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက် ခိုက် သိမ်းခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ် ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“နအဖခေတ်ဗိုလ်ချုပ်သာအေး တည်ထားခဲ့သော ရွှေပြည်အေးမြို့ကို စီးနင်း သိမ်းပိုက် ခဲ့ပါတယ်။ စစ် ကောင်စီက ရဟတ်ယာဉ်ဖြင့် သုံးကြိမ်လာ ရောက်ပစ် ခတ်ခဲ့သော်လည်း မဟာမိတ်တပ်ပေါင်းစုမှ အထိ အခိုက်အကျ အဆုံးမရှိဘဲ အခု အထိရွှေပြည်အေးမြို့အား အောင်မြင်စွာ သိမ်းပိုက်ထားဆဲ ဖြစ်ပါတယ်” ဟု ခန္တီးခရိုင် အမှတ် ၁ တပ်ရင်း -ဟုမ္မလင်းက ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို ခန္တီးခရိုင်အမှတ် ၁ တပ်ရင်း – ဟုမ္မလင်း၊ ဟုမ္မလင်းမြို့ နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့- HPDF ၊ HPDF 124 ၊ HPDF မိုးကြိုးတပ်ဖွဲ့ စသည့် မဟာမိတ်တပ်ပေါင်းစုတို့က တိုက်ခိုက်သိမ်း ပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

HPDF-124 တပ်ပေါင်းစု၏ ထုတ်ပြန်ချက်တွင်မူ ” ရန်သူဘက်မှ အထိ အခိုက် များ ရှိလာ သဖြင့် စစ်ကောင်စီက စစ်သုံးရဟတ်ယဉ်ဖြင့် ၃ ကြိမ်လာ ရောက် ပစ်ခတ်ခဲ့သော်လည်း မဟာမိတ်တပ်ပေါင်းစုက အထိအခိုက် အကျအရှူံး မရှိဘဲ ယခုထက်ထိ ရွှေပြည်အေးမြို့ကို အောင်မြင်စွာ သိမ်းပိုက် ထားဆဲဖြစ်ကြောင်း” ဟု ထုတ်ပြန်ထားသည်။

လက်ရှိတွင် တိုက်ပွဲအရှိန် ဆက်လက်ပြင်းထန်လာနိုင်ပါသဖြင့် ပြည်သူများ အနေဖြင့် စစ်ရေးသတိရှိကြပါစေရန်စစ်အုပ်စု နှင့် စစ်တပ်လက် အောက်ခံ SNA တို့၏ အသွားအလာ များကို သတိ‌ထားစောင့်ကြည့်ပြီး အချိန်နှင့် တပြေး ညီ သတင်းပေးပို့ကြပါရန် အသိပေးပါကြောင်း၊ ဟုမ္မလင်း-ရွှေပြည်အေး၊ ရွှေပြည် အေး-ဖောင်းပြင် ရေလမ်းခရီးများအသုံးပြုသွားလာခြင်း လုံးဝ လုံးဝ မပြု ကြပါရန် သတိပေးချက် ထုတ်ပြန်ထားသည်။

ဟုမ္မလင်းဒေသခံတစ်ဦးကမူ ရွှေပြည်အေးမြို့သစ်ဘက်တွင် တိုက်ပွဲ ပြင်းထန် နေသည် ကို ကြားသိရပြီး စစ်ဘေးရှောင်တချို့ လာရောက်မည်ဟု ဆက်သွယ် လာကြောင်း၊ သို့ရာတွင် အခြေအနေ အသေးစိတ် မသိရှိကြောင်း၊ ဟုမ္မလင်း ဘက်မှ စစ်ကြောင်းများ ရွှေပြည်အေးဘက်သို့ ဆင်းသွားသည်ဟု သတင်းများ ရရှိထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article