38 C
Yangon

မြဝတီမြို့အနီးတဝိုက်၊ လက်ခတ်တောင်၊ လေးကေကော်နှင့် ဖလူးဘက်ကို စစ်တပ်က ယနေ့ ညပိုင်း လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲနေပြီး ပေါက်ကွဲသံများကို မဲဆောက်ဘက်ခြမ်းမှ ကြားရ

Must read

မြဝတီမြို့အနီးတဝိုက်၊ လက်ခတ်တောင်၊ လေးကေကော်နှင့် ဖလူးဘက်ကို စစ်တပ်က ယနေ့ ညပိုင်း လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲနေပြီး ပေါက်ကွဲသံများကို မဲဆောက်ဘက်ခြမ်းမှ ကြားရ

ရန်ကုန်၊ ဧပြီ ၂၆

ကရင်ပြည်နယ်၊ မြဝတီမြို့ အနီးတဝိုက်နှင့် လက်ခတ်တောင် ဒေသ ကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်း လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲနေပြီး ပေါက်ကွဲသံများကို မဲဆောက်ဘက်ခြမ်းမှ ကြားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့ ည ၁၀ နာရီ ၄၆ မိနစ်ခန့်က စတင်ကာ မြဝတီမြို့ အနီးတဝိုက်၊ လက်ခတ်တောင် ဒေသ၊ လေးကေကော် ဒေသနှင့် ဖလူးစခန်းဘက်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေပြီး ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ကပင် ပေါက်ကွဲသံများကို ကြားနေရကြောင်း သိရသည်။

ယနေ့ ည ၁၀ နာရီ ၄၆ မိနစ်တွင် လေးကေကော် ဒေသကို ဗုံးသီး ၈ လုံး ၊ ည ၁၀ နာရီ ၄၈ မိနစ်တွင် ဖလူးစခန်းဘက်ကို ဗုံးသီး ၂ လုံး၊ လက်ခက်တောင် ဒေသကို ည ၁၀ နာရီ ၅၀ မိနစ်၊ ၁၀ နာရီ ၅၂ မိနစ်တွင် ဗုံးသီး ၁၄ လုံးကျဲချခဲ့ကြောင်း၊ ထို့ပြင် လေးကေကော် ဒေသကို ည ၁၀ နာရီ ၅၅ မိနစ်တွင် ဗုံးသီး ၆ လုံး၊ ည ၁၀ နာရီ ၅၇ မိနစ်တွင် ဗုံးသီး ၁၄ လုံး ကျဲချခဲ့ကြောင်း၊ ဖလူးစခန်းကို ည ၁၁ နာရီ ၂ မိနစ်နှင့် ည ၁၁ နာရီ ၄ မိနစ်တွင် ဗုံးသီး ၁၃ လုံး၊ မြဝတီမြို့အနီး ၁၁ နာရီ ၁၂ မိနစ်ခန့်တွင် ဗုံးသီး ၁၀ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“လေယာဥ်ကတော့ ဝဲနေတုန်းပဲ ဗုံးသီးတွေ ဘယ်လောက်တောင် ယူလာပြီး ကျဲချနေလဲ မသိဘူး။ ဒီနေ့ည အခြေနေဆိုးမယ် ထင်ပါတယ်။ ဗုံးကျဲတာ ခါတိုင်းရက်လိုမဟုတ် မိုးလင်းတဲ့ ထိကျဲချနေမယ်ထင်တယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် ည ၁၁ နာရီ ၁၅ မိနစ်၊ ည ၁၁ နာရီ ၁၈ မိနစ်၊ ည ၁၁ နာရီ ၂၀ မိနစ်၊ ည ၁၁ နာရီ ၂၄ မိနစ်၊ ည၁၁ နာရီ ၃၀ မိနစ်၊ ည ၁၁ နာရီ ၃၄ မိနစ်၊ ည ၁၁ နာရီ ၃၅ မိနစ်၊ ည ၁၁ နာရီ ၃၆ မိနစ်နှင့် ည ၁၁ နာရီ ၃၇ မိနစ်တို့တွင် မြဝတီမြို့ အနီးတဝိုက်နှင့် လေးကော် ဒေသကို အကြမ်းဖက် စစ်တပ်က ဗုံးသီး ၅၀ ကျော်ခန့် ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့ပြင်ရှိ စွယ်တော်ကုန်းတောင်ခြေ၌လည်း ယနေ့ညပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article