36 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်က ရွှေဘို၊ ဝက်လက်၊ အရာတော် မြို့နယ် ၃ တွင် စစ်အုပ်ချုပ်ရေး ထပ်မံ ကြေညာ

Must read

အကြမ်းဖက် မင်းအောင်လှိုင်က ရွှေဘို၊ ဝက်လက်၊ အရာတော် မြို့နယ် ၃ တွင် စစ်အုပ်ချုပ်ရေး ထပ်မံ ကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

အကြမ်းဖက် မင်းအောင်လှိုင်က ရွှေဘို၊ ဝက်လက်၊ အရာတော် မြို့နယ် ၃ တွင် စစ်အုပ်ချုပ်ရေး ထပ်မံ ကြေညာလိုက်တယ်လို့ စစ်တပ်ဘက်က သတင်း ထုတ် ပြန် ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၁၁ ခုရှိရာ ကနေ နောက်ထပ် ၃ မြို့နယ် ထပ်တိုးလိုက်တဲ့အတွက် စုစုပေါင်း စစ်အုပ်ချုပ် ရေး ကြေညာတဲ့ မြို့နယ် ၁၄ ခု ရှိလာတာလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ အကြမ်းဖက် စစ် ကောင်စီ က စစ်ကိုင်းတိုင်း ၁၁ မြို့နယ်၊ ချင်းပြည်နယ် ၇ မြို့ နယ်၊ မကွေးတိုင်း ၅ မြို့နယ်၊ ပဲခူးတိုင်း ၅ မြို့နယ်၊ ကရင်ပြည်နယ် ၂ မြို့နယ်၊ မွန်ပြည်နယ် ၁ မြို့နယ်၊ ကယား ပြည်နယ် ၄ မြို့ နယ်၊ တနင်္သာရီတိုင်း ၂ မြို့နယ်စုစုပေါင်း မြို့နယ် ၃၇ ခုမှာ စစ်အုပ်ချုပ်ရေး အမိန့်တွေ ထုတ်ပြန်ကြေညာခဲ့ပြီး လက်ရှိ မြို့နယ် ၃ ခု ထပ်တိုးတာမို့ စုစုပေါင်း စစ်အုပ်ချုပ်ရေး ကြေညာတဲ့ မြို့နယ် ၄၀ ရှိလာပြီဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article