28 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်နှင့်စစ်ကောင်စီကို အားပေးထောက်ခံနေသော နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါကို ဂျပန်ရောက် မြန်မာများနှင့် ဂျပန်နိုင်ငံသားတချို့က ဆန္ဒပြ

Must read

အကြမ်းဖက် မင်းအောင်လှိုင်နှင့်စစ်ကောင်စီကို အားပေးထောက်ခံနေသော နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါကို ဂျပန်ရောက် မြန်မာများနှင့် ဂျပန်နိုင်ငံသားတချို့က ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

အကြမ်းဖက် မင်းအောင်လှိုင်နှင့်စစ်ကောင်စီကို အားပေးထောက်ခံနေသော နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါကို ဂျပန်ရောက် မြန်မာများနှင့် ဂျပန်နိုင်ငံသားတချို့က ကန့်ကွက်ဆန္ဒပြကြကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့ နီပွန်ဖောင်ဒေးရှင်း ရှေ့တွင် ဆာဆာဂါဝါကို ဂျပန်ရောက်မြန်မာများနှင့် မြန်မာ့အရေးကူညီအားပေးသည့် ဂျပန်လူမျိုးများက ကန့်ကွက် ဆန္ဒပြကြကြောင်း သိရှိရသည်။

ဆန္ဒပြသူများက ဆာဆာဂါဝါအနေဖြင့် –

(၁) ပြည်သူ့အစိုးရ NUGကိုထောက်ခံရန်

(၂) ငြိမ်းချမ်းရေးကိုအကြောင်းပြပြီး အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံမှုများ ချက်ချင်းရပ်ရန်

(၃) အမှန်တကယ် မြန်မာပြည်ငြိမ်းချမ်းရေးကိုလိုလားသည့်လုပ်ဆောင်မှုကိုပြသသည့် လုပ်ရပ်များနှင့်သာသက်သေပြရန်

(၄) အကျဉ်းချခံထားရသည့် ပြည်သူ့ခေါင်းဆောင်များနှင့် အပြစ်မဲ့ပြည်များကို ချက်ချင်းလွှတ်ပေးရေး စစ်ကောင်စီကိုဖိအားပေးရန် တောင်းဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article