28 C
Yangon

စစ်‌ကိုင်း မြို့ပေါ် ကင်းလှည့်နေသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ ကျေးရွာများကို မီးရှို့ ပြန်လာသော စစ်ကြောင်း တံတားဦး ရွာရဲစခန်း ထဲ ပြန်ဝင်ချိန် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေဆုံး

Must read

စစ်‌ကိုင်း မြို့ပေါ် ကင်းလှည့်နေသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ ကျေးရွာများကို မီးရှို့ ပြန်လာသော စစ်ကြောင်း တံတားဦး ရွာရဲစခန်း ထဲ ပြန်ဝင်ချိန် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ကင်းလှည့်နေသော စစ်ကောင်စီ တပ်သား များကို ဖောက်ခွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံးကြောင်း People’s Dictatorship Revolutionary Force- PDRF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းမြို့နယ် စည် ပင် ရုံး အနီးတွင် ကင်းလှည့်နေသော စစ်ကောင်စီ တပ်သားများ လိုက်ပါ လာ သည့်ကားကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ညနေ ၅ နာရီ ၄၇ မိနစ်ခန့်တွင် ချင်းစု မီးပွိုင့် အနီးရှိ ငါးထပ်ကြီးဘုရားအနီး စစ်ဆေးမှုပြုလုပ်နေသော ရဲကားကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ည ၆ နာရီ ၄၂ မိနစ်တွင် ဆေးရုံအတွင်း ပြန်ဝင် လာသော စစ်ကောင်စီ လှည့်ကင်းကို ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” ဖောက်ခွဲ တိုက်ခိုက်မှု ၃ ကြိမ်မှာ စစ်ခွေးတွေဘက်က ၁ ဦး သေတယ်။ အဲနေ့ က စခတွေက စစ်ကိုင်းမြို့ ငါးထပ်ကြီး ဘုရားဘေးမှာ နေရာယူပြီး ဆဲဆိုကြိမ်း မောင်းပြီး ရမ်းသမ်း ပစ်ခတ်ခဲ့တယ်။ စစ်ဆေးခံရတဲ့ ပြည်သူတွေထဲက အမျိုး သားတွေကို ပါးရိုက်တဲ့ထိ လုပ်ခဲ့ပါတယ်။ မင်းတို့ PDF တွေမိုက်ရင် လာယှဥ်ပစ် ခိုးကြောင် ခိုးဝှက် မလုပ်နဲ့ဆိုပြီး ပြည်သူတွေကို သတင်းဖြန့်ခိုင်းတယ်။ ကျနော် တို့လို တူမီးကိုင်ပြီး တိုက်ရဲလား။ တိုက်ရဲရင် ယှဥ်ပစ်မှာပါ။ တူညီတဲ့ လက်နက် ရတဲ့တစ်ချိန် မခေါ်လည်း ရောက်လာမှာပါလို့ ပြောချင်ပါတယ်” ဟု PDRF အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s Dictatorship Revolutionary Force- PDRFPDRF နှင့် DNDF (Watlet )၊ ABRF(Madaya) ၊ YANGYIAUNG (Depeyin) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂ ရက်နေ့ စစ်ကိုင်းမြို့နယ်၊ တံတားဦးကျေးရွာ ရဲစခန်းထဲသို့ ရွာများ မီးရှို့ ပြန်လာသော စစ်ကြောင်းကို PDF တပ်များက ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးကြောင်း တိုက်နယ်စွန်(စွန်) PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆုသိည်။

စစ်ကိုင်းမြို့နယ်တွင် ကျေးရွာများကို မီးရှို့ ပြန်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တံတားဦးရဲစခန်းထဲသို့ ဝင်ရောက်သွားစဥ် တိုက်နယ်စွန် (စွန်) PDF အဖွဲ့ မှ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရဲစခန်းရှေ့တွင် လက်နက်ကြီး ထိမှန် သော ကြောင့် စစ်သား ၂ ဦးသေဆုံးပြီး ရဲစခန်းထဲ၌ လက်နက်ကြီး ထိမှန် သော ကြောင့် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တိုက်နယ်စွန် (စွန်) PDF အဖွဲ့မှ တာဝန်ရှိသူ က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article