28 C
Yangon

ကရင်ပြည်နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများက တော်လှန်ရေးအဖွဲ့များအတွက် လိုင်စင်မဲ့ကားများဖြင့် လက်နက် သယ်ယူ ပေးနေဟုဆို

Must read

ကရင်ပြည်နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများက တော်လှန်ရေးအဖွဲ့များအတွက် လိုင်စင်မဲ့ကားများဖြင့် လက်နက် သယ်ယူ ပေးနေဟု ကရင်ဝန်ကြီးချုပ် စောမြင့်ဦးပြောဆို၊ လိုင်စင်မဲ့ကားများကို စီမံချက်ဖြင့် စတင်အရေးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ကရင်ပြည်နယ်တွင် စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသော တော်လှန် ရေးတပ်ဖွဲ့များအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများက လိုင်စင်မဲ့ ကားများဖြင့် လက်နက်များ သယ်ယူပေးနေကြောင်း စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီး ချုပ် စောမြင့်ဦးက ပြောဆိုလိုက်ပြီး ကရင်ပြည်နယ်တွင် လိုင်စင်မဲ့ကားများကို စီမံချက်ဖြင့် စတင်အရေးယူနေကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ကရင်ပြည်နယ်စစ်ကောင်စီအစည်းအဝေးတွင် ဌာနဆိုင်ရာ ဝန်ထမ်းများက လိုင်စင်မဲ့ကားများကို အသုံးပြု၍ တော်လှန်ရေးတပ်ဖွဲ့များအတွက် လက်နက်ခဲယမ်းများကို သယ်ယူမှုများ လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် စစ်တပ်ကို လက်နက်ကိုင် တိုက်ခိုက်နေသူများကို မကူညီရန်နှင့် လိုင်စင်မဲ့ကား တင်သွင်းရောင်းချ သယ်ယူသည့် လုပ်ငန်းများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ မပါဝင်ရန် လိုအပ်ကြောင်း၊ လိုင်စင်မဲ့ကားများကို စီမံချက်ဖြင့် ဖမ်းဆီးရန် လိုအပ်မည်ဖြစ်ကြောင်း စစ်ကောင်စီခန့် ကရင်ဝန်ကြီးချုပ် စောမြင့်ဦးက ပြောဆိုသည်။

ကရင်ဝန်ကြီးချုပ် စောမြင့်ဦးက လိုင်စင်မဲ့ကားများကို စီမံချက်ဖြင့် ဖမ်းဆီးရန် ကရင်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ဇော်ကို ညွှန်ကြားကြောင်း သိရှိရသည်။

“ကရင်ပြည်နယ်မှာ ဝန်ထမ်းတွေ W ကားစီးပီးထင်တိုင်းကျဲနေမတာ၊ အဲဒီဝန်ထမ်းတွေ စီးတဲ့ လိုင်စင်မဲ့ကားတွေက လက်နက်ခဲယမ်းတွေ သယ်ပေးပြီး အားပေးအားမြှောက်ကူညီနေတယ်။ လက်နက်တွေ ခဲယမ်းတွေ တဆင့်သယ်ဆောင်ပေးနေတယ်ဆိုတာ တွေ့ရှိရတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းတွေ W ကားစီးပြဿနာဖြစ်ရင် ကားတင်မက လူပါအရေးယူမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးက ကြိမ်းမောင်းတယ်” ဟု ကရင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဌာနမှ သတင်းရင်းမြစ်က ပြောသည်။

လက်ရှိ ကရင်ပြည်နယ်တွင် လက်နက်ခဲယမ်းများ သယ်ယူမှုများနှင့်ပတ်သက်ပြီး လိုင်စင်ကား ၂၀ ကျော်နှင့် လိုင်စင်မဲ့ကား ၇၀ ကျော်ကို ပြည်နယ်ရဲဝင်းနှင့် ရဲစစ်ရေးပြကွင်းတွင်သိမ်းဆည်းထားကြောင်း၊ အမှုရင်ဆိုင်နေ၍ ဖမ်းဆီးထိန်းသိမ်းထားသော ကားများတွင် ကားပစ္စည်းများ လုံး၀ မရှိတော့ဘဲ ကားများမှာ အခွံ့သာကျန်တော့ကြောင်း၊ ပြင်ပမှ လာရောက် ခိုးယူ၍ မရဘဲ ကားသိမ်း ထားသော ရဲစခန်းတာဝန်ခံများ ကားအတွင်းပစ္စည်းများကို ဖြုတ်ရောင်းခိုးထုတ် မှု ကြောင့်သာ ဖြစ်ကြောင်း ၊ ထို့ကြောင့် ထိုဖြစ်စဉ်များကိုလည်း ကြပ် မတ် ဆောင်ရွက်ရန် စောမြင့်ဦးက ရဲမှူးကြီး ခင်ဇော်ကို ညွှန်ကြားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ ကရင်ပြည်နယ်တွင် လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များကို အမှတ်၉ လှိုင်းဘွဲ့ လမ်းဆုံ၊ အမှတ်၂ ဘုရားကြီးလမ်းဆုံ၊ တက္ကသိုလ်မီးပွိုင့်၊ ရွှေကြက်ဖမီးပွိင့်များတွင် ဖမ်းဆီး အရေးယူနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article