34 C
Yangon

ယင်းမာပင်မြို့နယ်ရှိ စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများမှ ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က မီးဖိုချောင်သုံး ပစ္စည်းများ လှူတန်း

Must read

ယင်းမာပင်မြို့နယ်ရှိ စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများမှ ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က မီးဖိုချောင်သုံး ပစ္စည်းများ လှူတန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ယင်းမာပင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများမှ ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က မီးဖိုချောင်သုံး ပစ္စည်းများ လှူတန်းခဲ့ကြောင်း သိရသည်။

အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ ယင်းမာပင်မြို့နယ်ရှိ မီးဘေးသင့် အိမ်ခြေ ၈၀ ကို ဆန်၊ ဆီ နှင့် အခြေခံ မီးဖိုချောင်သုံး ပစ္စည်းများ လှူတန်းကာ တစ်အိမ်ထောင်လျှင် ဆန် ၂ ပြည်၊ ဆီ ၅၀ သား၊ ဒန်အိုး ၁ လုံး၊ ဒယ်အိုး ၁ လုံး၊ ဇလုံ ၃ လုံး၊ ဇွန်း ၃ ချောင်း၊ ကြွေအုပ် ၁ လုံး၊ ရေဖလား ၁ လုံးနှင့် ရေခွက် ၁ လုံး နှုန်းတို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အညာပစ်တိုင်းထောင်လေးများအနေနဲ့ ပဉ္စမ အကြိမ်အဖြစ်လှူဒါန်းဖြစ်တာပါဗျ။ပြည်တွင်းပြည်ပက အလှူရှင်တွေနဲ့ချိတ်ဆက်ပီး ပစ္စည်း စုံစုံလင်လင် လှူဒါန်းခဲ့တာပါ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ မီးရှို့ခံလိုက်ရတဲ့ ပြည်သူတွေအတွက် ဆက်လက်ကြိုးစားနေပါတယ်။ တော်လှန်ရေးအင်အားစုမ်ားအနေနဲ့လည်းစည်းလုံးမှုရှိရှိနဲ့ ပြည်သူတွေကို ကူညီပေးစေလိုပါတယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article