28 C
Yangon

ဒီးမော့ဆိုမြို့နယ်၊ ဇရပ်ဖြူလမ်းပိုင်းတွင် အိမ်စီးကားတစ်စီးမိုင်းနင်းမိပြီး ယာဉ်ပေါ်ပါ ၄ ဦးသေဆုံး

Must read

ဒီးမော့ဆိုမြို့နယ်၊ ဇရပ်ဖြူလမ်းပိုင်းတွင် အိမ်စီးကားတစ်စီးမိုင်းနင်းမိပြီး ယာဉ်ပေါ်ပါ ၄ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဇရပ်ဖြူရွာလမ်းမိုင်းတွင် ယနေ့ ဖေဖော်ဝါရီလ ၆ ရက် နေ့လည် ၂ နာရီခန့်က အိမ်စီကားတစ်စီး မိုင်းနင်းမိကာ ယာဉ်ပေါ် အမျိုးသား ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေလွိုင်ကော် (ကယား)ပရဟိတအသင်းထံမှ သိရသည်။

လွိုင်ကော်မြို့မှ ဇရပ်ဖြူကျေးရွာဘက်သို့ မောင်းနှင်လာသော အိမ်းစီးကား Air Wax အဖြူရောင်ယာဉ် တစ်စီးသည် ဇရပ်ဖြူကျေးရွာအကျော်လမ်းမိုင်းတွင် ကားမိုင်းနင်းမိကြောင်း ဒေသခံများ၏ အကူအညီ တောင်းခံချက်အရ သွားရောက်ကူညီကယ်ဆယ်ရာ ယာဉ်ပေါ်ပါ အမျိုးသား ၆ ဦးအနက် ၄ ဦးမှာသေဆုံး လျက်လည်းကောင်း၊ ၂ ဦးမှာ အပြင်းအထန်ဒဏ်ရာဖြင့်လည်းကောင်း တွေ့ရှိခဲ့ရကြောင်း သိရသည်။

“ရောက်ရှိချိန် ကားပေါ်မှာလိုက်ပါလာတဲ့ ကျား ၂ ဦးအပြင်းအထန်ဒဏ်ရာတွေနဲ့ တွေ့ရပြီးတော့ ကျန်တဲ့ ၄ ဦးက ပွဲချင်းပြီးသေဆုံးသွားတယ်ဗျ၊ အသက်ရှင်လျက်ရှိတဲ့ လူနာတွေနဲ့ ပြန့်ကျဲနေတဲ့ အလောင်းတွေကို လွိုင်ကော်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်၊ သေဆုံးသွားတဲ့ ၃ ယောက်ရဲ့နာမည်တွေတော့ သိရထားရပြီ၊ ကျန်သေဆုံးအလောင်းတစ်လောင်းနဲ့ အပြင်း အထန် ဒဏ် ရာရတဲ့ အမျိုးသားနှစ်ယောက်ကတော့ မသိရသေးဘူး” ဟု ရွှေလွိုင်ကော်(ကယား)ပရဟိတ အသင်းမှ ဒုဥက္ကဌ ကိုအောင်မိုးမြင့်က ပြောကြားသည်။

သေဆုံးအလောင်း ၃ လောင်းနှင့် အသက်ရှင်ကျန်ရစ်သူတစ်ဦးကို ရွှေလွိုင်ကော် ပရဟိတ အသင်း ယာဉ်ဖြင့်ဖြင့်လည်းကောင်း၊ ကျန် သေဆုံးအလောင်းတစ်လောင်းနှင့် လူနာတစ်ဦးကို ရွှေညောင်ပင် ပရဟိတ အသင်းယာဉ်ဖြင့်လည်းကောင်း လွိုင်ကော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ သေဆုံးသူများမှ ကိုအောင်စိုးမိုး၊ ကိုထွန်းမင်းလတ်၊ အသက် ၄၁ နှစ်အရွယ် ကိုစိန်မင်းနှင့် အမည်မသိ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article