33 C
Yangon

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီတွင် ချင်းအမျိုးသားနေ့ အခမ်းအနားပြုလုပ်

Must read

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီတွင် ချင်းအမျိုးသားနေ့ အခမ်းအနားပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီတွင် ချင်းလူမျိုးများ၊ တိုင်းရင်းသား ပေါင်းစုံတို့နှင့် ရပ်ဝေးမှ ဧည့်သည်တော်များ ပူးပေါင်းကာ ချင်းအမျိုးသားနေ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ တက်ရောက်ခဲ့ကြပြီး မြန်မာ အစားအစာမျိုးစုံနှင့် ရိုးရာဝတ်စုံ၊ လက်ဆောင်ပစ္စည်းများလည်း ရောင်းချခဲ့ကြသည်၊ ပွဲအစီအစဉ်တွင် ခေတ်အဆက်ဆက် မြန်မာ့ဒီမိုကရေစီအရေး၌ တက်ကြွစွာပါဝင်ခဲ့သူများ၊ ကျဆုံးသွားကြသော အာဇာနည်သူရဲကောင်းများကို အလေးပြုခြင်းအစီအစဉ်များလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အခမ်းအနားတွင် ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို Pu Bawi Cung မှ ပြောကြားခဲ့ပြီး NUG ၏ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီး ဦးထိန်လင်းအောင်မှလည်း မိန့်ခွန်းပြောကြးခဲ့ကာ Maryland State Delegate တစ်ဦးဖြစ်သော Chao Wu နင့် Maryland State Senator Clarence Lam တို့ ကလည်း မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ အစီအစဉ်တွင် ချင်းတိုင်းရင်းသားအက မျိုးစုံ model၊ ချင်းရိုးရာ fashion show ချင်းရိုးရာသီချင်းမျိုးစုံ၊ ခေတ်ပေါ်တေးဂီတ တို့ဖြင့် ဖျော်ဖြေခဲ့ပြီး မြန်မာပြည်နှင့် ချင်းပြည်နယ် လွတ်မြောက်ရန်အတွက် Rev. Dr. Cin Za Mang ဦးဆောင်ကာ ခရစ်ယာန်ဓမ္မဆရာများနှင့် လူထုအားလုံးက ဆုတောင်းတဲ့ အစီအစဉ်ကိုလည်း ထည့်သွင်းခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article