29 C
Yangon

ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးဝန် ကြီး မျိုးမြင့်အောင်၊ ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့

Must read

ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးဝန် ကြီး မျိုးမြင့်အောင်၊ ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ဥရောပသမဂ္ဂ(EU) က ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ရန်ကုန်စီးပွားရေး ဝန်ကြီး မျိုးမြင့်အောင်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီ ၇ ခုကို ထပ် မံ စီးပွားရေးပိတ်ဆို့လိုက်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့ တွင် တရားဝင် သတင်းထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီးနောက် EU က ဒဏ်ခတ်ပိတ်ဆို့များ ဆက်တိုက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ အရေးယူခံရသူများတွင် စစ်ကောင်စီ စွမ်းအင်ဝန်ကြီး ၊ စစ်တပ်အတွက် လက်နက်နှင့်နည်းပညာများ ဝယ်ရာတွင် ပါဝင်ခဲ့ကြသည့် စီးပွားရေးသမားများနှင့် စစ်အရာရှိကြီးများ ပါဝင်‌ေ‌ြာကာင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ကိုဂျင်မီ၊ ကိုဇေယျာသော် အပါအဝင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ၄ ဦးကို သေဒဏ်ပေး ကွပ်မျက်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် ရန်ကုန်တိုင်းအစိုးရ စီးပွားရေးဝန်ကြီး မျိုးမြင့်အောင်ကို လည်း EU က ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း သိရှိရသည်။

EU က ပိတ်ဆို့မှု ချမှတ်သူ လူပုဂ္ဂိုလ် ၉ ဦးတွင်

၁-ဗိုလ်ချုပ်ကြီး မိုးအောင်

ကာကွယ်ရေးဦးစီးချုပ်ရေ

၂-ဗိုလ်ချုပ်ကြီး မောင်မောင်အေး

ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး

၃- ဒုတိယဗိုလ်မှူးကြီးဟောင်း မျိုးမြင့်အောင်

ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး

( ကိုဂျင်မီ၊ကိုဇေယျာသော် အပါအဝင် ဒီမိုကရေစီလှုပ်ရှားသူ ၄ ဦးကို အမိန့် စီရင်ချက်ချသူ၊ ကြိုးပေး စီရင်သူ)

၄-ဗိုလ်ချုပ်ဇင်မင်းထက်

ဒုဝန်ကြီးနှင့် ရဲချုပ်

ပြည်ထဲရေးဝန်ကြီးဌာန

၅- ဗိုလ်ချုပ်ကိုကိုမောင်

မြောက်ပိုင်းတိုင်းမှူး

၆-မျိုးမြင့်ဦး

စွမ်းအင်ဝန်ကြီး ၊ စစ်ကောင်စီ

၇-အောင်လှိုင်ဦး

စစ်တပ်အတွက် နည်းပညာနှင့် လက်နက်ပွဲစား

MCM ဥက္ကဋ္ဌ

၈-စစ်တိုင်းအောင်

စစ်တပ်အတွက် နည်းပညာနှင့်လက်နက်ပွဲစား

Yatanarpon Aviation Support Company နှင့် Suntac Technologies Co.,ltd

၉-ကျော်မင်းဦး

စစ်တပ်အတွက် နည်းပညာနှင့် လက်နက်ပွဲစား

ဒါရိုက်တာ၊ Sky Aviator တို့ပါဝင်သည်။

ထို့ပြင် EU က ပိတ်ဆို့မှု ချမှတ်သည့် အဖွဲ့ ၇ ခုတွင် ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်ခံ စစ်ထောက် ချုပ်ရုံး၊ ကာကွယ်ရေး ပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေး ပစ္စည်းဝယ်ယူရေးရုံး၊ Asia Sun Group ၊ Dynasty International Company Limited ၊ International Gateways Group of Company Limited (IGG) နှင့် Sky Aviator Company Limited တို့ပါဝင်ကြောင်း သိရှိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် EU က ပိတ်ဆို့ ဒဏ် ခတ်အရေးယူထားသူ စစ်တပ်နှင့်ပတ်သက်သော လူပုဂ္ဂိုလ် စုစုပေါင်း ၉၃ ဦးနှင့် အဖွဲ့အစည်း ၁၈ ခု ရှိလာပြီ ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article