33 C
Yangon

စစ်တပ်လက်အောက်ခံ BGF စောချစ်သူပိုင် ရွှေကုက္ကိုလ်မြို့သစ်မှ အွန်လိုင်းဂိမ်းများက ဗီယက်နမ်များထံမှ ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု စုံစမ်းရန် စသုံးလုံးဒုညွှန်ချုပ် ကရင်ပြည်နယ် လာရောက်မည်

Must read

စစ်တပ်လက်အောက်ခံ BGF စောချစ်သူပိုင် ရွှေကုက္ကိုလ်မြို့သစ်မှ အွန်လိုင်းဂိမ်းများက ဗီယက်နမ်များထံမှ ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု စုံစမ်းရန် စသုံးလုံးဒုညွှန်ချုပ် ကရင်ပြည်နယ် လာရောက်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

အကြမ်းဖက် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) စောချစ်သူပိုင် ရွှေကုက္ကိုလ်မြို့သစ်ရှိ ကာစီနိုအွန်လိုင်းဂိမ်းများက ဗီယက်နမ်နိုင်ငံသားများထံမှ ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု စုံစမ်းစစ်ဆေးရန် ကရင်ပြည်နယ်သို့ စသုံးလုံးဒုညွှန်ချုပ် လာရောက်မည်ဖြစ်ကြောင်း ပြည်ထဲရေးသတင်းရင်း မြစ်များထံမှ သိရှိရသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် သိန်းနိုင်ထွန်းသည် ဖေဖော် ဝါရီလ ၂၄ ရက်နေ့တွင် မော်လမြိုင်မှတစ်ဆင့် ကရင်ပြည်နယ်သို့ လာရောက်မည်ဖြစ်ပြီး ရွှေက္ကိုလ်မြို့သစ်ရှိ ကာစီနိုအွန်လိုင်းဂိမ်းများမှတစ်ဆင့် ဗီယက်နမ်နိုင်ငံသားများ၏ ဒေါ်လာငွေ သိန်းပေါင်းများစွာ လိမ် လည် ထားမှု ကိစ္စ အပါအဝင် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန် လာရောက် မည်ဖြစ်ကြောင်း သိရှိရသည်။

” လိုင်စင်မဲ့ကား ၊ နွားမှောင်ခို ကိစ္စ၊ မြဝတီကနေ လက်နက်နှင့်မူးယစ်ဆေးဝါးတွေ ထွက်နေတဲ့ကိစ္စ၊ နယ်မြေအေးချမ်းတည်ငြိမ်ရေး၊ ရွှေက္ကိုလ် အွန်လိုင်းဂိမ်းတွေကနေ ဗီယက်နမ်နိုင်ငံသားတွေဆီက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည် ကိစ္စ၊ရွှေနှင့်ငွေကြေးခဝါကိစ္စတွေကို လာပြီး စစ်ဆေးမယ်” ဟု နေပြည်တော် စသုံးလုံး သတင်းရင်းမြစ်က ပြောသည်။

စသုံးလုံး ဒုတိယညွှန်ကြားရေးမှူးချုပ် သိန်းနိုင်ထွန်းသည် ယခင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို၏ တပည့်အရင်းဖြစ်ပြီး ညွှန်ချုပ် မောင်မောင်ကျော်ကို ကျော်၍ စသုံးလုံး ဌာနတွင်း ရာထူးတိုး၊ လဘ်ပေးလဘ်ယူကိစ္စများကိုင်တွယ် ကျူးလွန်နေသူဖြစ်ကြောင်း သိရှိရသည်။

ကရင်ပြည်နယ်၊ မြဝတီ-ထိုင်းနယ်စပ်တွင် BGF နယ်ခြားစောင့်တပ်မှ ဗိုလ်မှူး ကြီး စောချစ်သူ က လုပ် ကိုင် နေသော ရွှေကုက္ကိုလ်မြို့သစ်ရှိ လောင်းကစားနှင့်ကာစီနိုအွန်လိုင်းဂိမ်းများက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်သဖြင့် ဗီယက်နမ်နိုင်ငံသားတချို့က ဖေဖော်ဝါရီလဆန်းပိုင်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြသည်။

စစ်ကောင်စီ လက်အောက်ခံ BGF နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူး‌ ကြီးစောချစ်သူ၊ တရုတ်လူမျိုး ရာဇဝတ်ဂိုဏ်းများ၊ စစ်ကောင်စီဘက်မှ အရာရှိများ ပူးပေါင်း ဖွင့်လှစ်ထားသော ရွှေက္ကိုလ်မြို့သစ်ရှိ လောင်းကစားနှင့် ကာစီနိုအွန်လိုင်းဂိမ်းများက ဗီယက်နမ်နိုင်ငံသားများထံမှ ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်သွားကြောင်း ၊ ယင်းသို့ လိမ်လည်မှုအတွက် ဗီယက်နမ်နိုင်ငံသားတချို့က အမှုဖွင့်တိုင်ကြားလာကြောင်း၊ ထို့ကြောင့် စစ်ကောင်စီက ယင်းအမှုကို မကိုင်တွယ်လိုသော်လည်း နှစ်နိုင်ငံ အရေးကိစ္စ ပုံစံဖြစ်လာသဖြင့် ပြည်ထဲ ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကို စုံစမ်းစစ်ဆေးရန် တာ ဝန် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိ ရွှေကုက္ကိုလ်တွင် ဗီယက်နမ် အပါအဝင် အာဆီယံနိုင်ငံများမှ နိုင်ငံသားတချို့ ကို လစာကောင်းသော အလုပ်အကိုင်ပေးမည်ဟုဆိုကာ လူကုန်ကူးခံရမှုများရှိနေကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ BGF တပ်များက ရွှေကုက္ကိုလ်ထဲတွင် လုံခြုံရေး အပြည့် ပေးထား ကြောင်း၊ ရွှေကုက္ကိုလ်တွင် တရားမဝင် နေ ထိုင်သော တရုတ်၊တရုတ်(ဟောင်ကောင်)၊ထိုင်ဝမ် နိုင်ငံသား ၁၀၀ ကျော်၊ဗီ ယက်နမ်နိုင်ငံသား ၁၀ ဦး၊ ထိုင်းလူမျိုး ၂၀ ကျော် ရှိကြောင်း ၊ စစ်တပ်နှင့်ရဲက ယင်း တရားမဝင် နေထိုင်သူများကို မြန်မာဘက်က ဖမ်းဆီးမှုများရှိသော်လည်း ရဲက BGF နှင့် ညှိနှိုင်းပြီး ပြန်လွှတ်ပေးလေ့ရှိကြောင်း၊ လက်ရှိတွင်လည်း ဗီယက် နမ် နိုင်ငံဘက်က အမှုဖွင့်လာမှုအပေါ် စသုံးလုံးက အယောင်ပြသာ စစ် ဆေးမှု လုပ်နိုင်ကြောင်း သိရှိရသည်။

“ဗီယက်နမ်ဘက်က အမှုဖွင့်တာကလည်း ဒီလိုပဲ ပြီးသွားမှာပါပဲ။ ထိရောက်တဲ့ အရေးယူမှု ရှိဖို့တော့ မလွယ်ပါဘူး။ အခုလို ကရင်ဘက်မှာ မတည်မငြိမ်ဖြစ်နေတော့ BGF အဖွဲ့ကို စစ်တပ်က တင်းတင်းကျပ်ကျပ် မကိုင်ရဲဘူး။ ဗီယက်နမ်ဘက်က အမှုဖွင့်တာကို ဟန်ပြလောက်တော့ စစ်ဆေးပါတယ်ဆိုပြီး လုပ်ပြတဲ့သဘောပါပဲ” ဟု နေပြည်တော်ပြည်ထဲရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိ ရွှေက္ကိုလ်တွင် မြန်မာအမျိုးသမီး တချို့ လူကုန်ကူးခံရပြီး လိင်ပိုင်းဆိုင် ရာ ဖျော်ဖြေ ရေးလုပ်ကိုင်ရမှုများ၊ လူငယ်တချို့မှာလည်း အတင်းအကျပ် အ လုပ် ခိုင်းစေခံရမှုများရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article