38 C
Yangon

ညောင်ဦးတွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ညောင်ဦးတွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပုဂံပြည် ဘီလူးတပ် အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ​ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ကျော်ခန့်တွင် ညောင်ဦးမြို့နယ် လက်ထုတ်ကျေးရွာနေ စစ်တပ် သတင်းပေး အေးလွင်ကို ပုဂံပြည် ဘီးလူးတပ် အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” အေးလွင်က အကြီးစား ဒလန်ပါ။ စစ်ခွေး၊ ရဲခွေးတွေနဲ့ ပေါင်းပြီး ပြည်သူတွေကို ဖမ်းဆီး ငွေညစ်တာတွေ စစ်တပ်အလိုကျ ကျေးရွာနေ ပြည်သူတွေကို မီတာခ အတင်းအဓ္ဓမ ကောက်ခံတာတွေ ပြုလုပ်နေသူပါ” ဟု ပုဂံပြည် ဘီလူးတပ် အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြေဆိုသည်။

ရန်ကုန်​ခေတ်သစ်အ​နေဖြင့် ​အေးလွင်သည် စစ်တပ် သတင်း​ပေး ဟုတ်၊ မဟုတ် ​မြေပြင်တွင် သီးခြားအတည်ပြုနိုင်ခြင်းမရှိ​ပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article