30 C
Yangon

အရာတော်၊ မလဲသာရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှု တိုက်နယ်ဆေးရုံနှင့် အထက်တန်း ကျောင်းတို့ ထိခိုက် ပျက်စီး

Must read

အရာတော်၊ မလဲသာရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှု တိုက်နယ်ဆေးရုံနှင့် အထက်တန်း ကျောင်းတို့ ထိခိုက် ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မလဲသာရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်မှုကြောင့် အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံနှင့် ကျန်းမာရေးဌာနတို့ ထိခိုက် ပျက်စီးခဲ့ကြောင်း အရာတော်ပို့စ်ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ Mi 35 ရဟတ်ယာဉ်ဖြင့် မလဲသာကျေးရွာရှိ တိုက်နယ်ဆေးရုံ၊ အထက်တန်းကျောင်းနှင့် ကျန်းမာရေးဌာန အဆောက်အအုံတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း သိရသည်။

“ရဟတ်ယာဉ်နဲ့ပစ် စစ်ကူတွေချပြီးတော့ မြေပြင်ကနေလည်း ဆေးရုံကိုဝင်ပစ်တယ်။ ရဟတ်ယာဉ် နဲ့ စစ်ကူက အင်အား ၁၀၀ ကျော်လောက်ရှိတယ်။ လေယာဉ်နဲ့ ချသွားတာ အင်အား ၁၀ လောက်စီနဲ့ စစ်ကြောင်းနှစ်ခုခွဲပြီး လှည့်ပတ်မီးရှို့နေတာ၊ ကန်ရင်း၊ မလဲသာ၊ သခွပ်ပင်ရွာတွေလည်း မီးရှို့ဖျက် ဆီးခံရတယ်။ အဲဘက်မှာလဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်တာ၊ စစ်သားတွေ ထိခိုက် သေဆုံးမှုရှိတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် မလဲသာကျေးရွာ၊ ကန်ရင်းကျေးရွာနှင့် ညောင်ပင်ကျေးရွာအနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် လှည်ပတ်ပစ်ခတ်ပြီးနောက် Mi 17 ရဟတ်ယာဉ်ဖြင့် အကြမ်းဖက် စစ်သား အင်အား ၁၀၀ ခန့်ကို မြေပြင်တွင် ချပြီး မြေပြင်မှစစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားအင်အား ၁၀၀ ခန့်ဖြင့်ပူးပေါင်းကာ ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်တပ် စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တချို့ ထိခိုက်ကျဆုံးမှုရှိကြောင်း PDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်လည်း အရာတော်မြို့နယ်ရှိ ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုး စီးနင်းလျက်ရှိပြီး PDF တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း ဒေသ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article