38 C
Yangon

အုတ်ဖိုတွင် ဆေးကု ပြန်လာသည့် CDM သူနာပြု မမေဇွန်မိုးကို စစ်တပ်က မုဒိမ်းကျင့် သတ် ဖြတ်အလောင်းဖျောက်၊ သူနာပြု ကို လိုက်ပို့သည့် PDF ၂ ဦးကိုမူ စစ် တပ်က ပစ်သတ်

Must read

အုတ်ဖိုတွင် ဆေးကု ပြန်လာသည့် CDM သူနာပြု မမေဇွန်မိုးကို စစ်တပ်က မုဒိမ်းကျင့် သတ် ဖြတ်အလောင်းဖျောက်၊ သူနာပြု ကို လိုက်ပို့သည့် PDF ၂ ဦးကိုမူ စစ် တပ်က ပစ်သတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် CDM သူနာပြု ဆရာမ မမေဇွန်မိုးကို စစ်တပ်က မုဒိမ်းကျင့် ပစ်ခတ်သတ် ဖြတ်အလောင်းဖျောက်ခဲ့သော်လည်း PDF ရဲဘော်များက သူနာပြု ဆရာမ၏ အလောင်းကို ပြန်လည် တွေ့ရရှိခဲ့ရကြောင်း မျက်မြင်များနှင့်PDF သတင်းရင်းမြစ်များက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် CDM သူနာပြု ဆရာမ မမေဇွန်မိုးသည် အုတ်ဖိုမြို့နယ် PDF တပ်ဖွဲ့မှ ရဲဘော် တစ်ဦး၏ အမျိုးသမီးကို တောထဲတစ်နေရာတွင် သွားရောက်မီးဖွားပေးခဲ့ကြောင်း၊ ယင်းနောက် အုတ်ဖိုမြို့သို့ PDF ရဲဘော် ၂ ဦးက လိုက်ပို့ခဲ့ကြောင်း၊ အုတ်ဖို၊ အေးမြ သာယာအုပ်စု ကျောက်ဖြူတောင်ကျေးရွာအနီး ခမရ ၆ တိမ်ညွန့်တပ် စစ်ဆေးရေးဂိတ်တွင် သူနာပြုဆရာမ မမေဇွန်မိုးကို လိုက်ပို့သည့် PDF ရဲဘော် ၂ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း၊ CDM သူနာပြု ဆရာမ မမေဇွန်မိုးမှာမူ ထွက်ပြေး ပုန်းအောင်းခဲ့သော်လည်း စစ်တပ်က ဖမ်းမိသွားခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က CDM သူနာပြု ဆရာမကို ဖမ်းဆီးပြီးနောက် ရက်ပေါင်းများစွာ စစ်ကြောရေး လုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထန်းပင်ကုန်းရွာအနီး စစ်တပ်က မုဒိမ်းကျင့် ပစ်ခတ် သတ်ဖြတ် ခဲ့ကြောင်း၊ ယင်းနောက် အလောင်းကို မီးရှို့ခဲ့သော်လည်း အကုန်လောင်ကျွမ်းခြင်းမရှိဘဲ အလောင်း အကြွင်းအကျန်များကို ရဲဘော်များက ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။

” အုတ်ဖိုမြို့နယ်မှာ PDF တွေကို ဆေးကုပေးပြီး ပြန်လာတဲ့ သူနာပြု ဆရာမကို စစ်ခွေးတွေက ဖမ်းသွားပြီး မုဒိန်းကျင့် သတ်ဖြတ်ခဲ့တယ်။ ကျနော်တို့ ရဲဘော်တွေ ၂၃ ရက်နေ့မှာ အလောင်း တွေ့ရ လို့ မုဒိန်းကျင့်သတ်တယ်ဆိုတာ သိရတာ။ စစ်ခွေးတွေက ဆရာမလေးအလောင်းကို မီးရှို့ခဲ့ပေမယ့် အလောင်းက အကုန်လုံး မလောင်ဘူး။ ဆရာမလေးအဝတ်အစားတွေနဲ့ အလောင်းကို မီးရှို့တာ အကုန်မလောင်တော့ ဆရာမလေးမှန်း သိခဲ့ရတယ်။ ဆရာမလေး အသတ်ခံရတဲ့ ထန်းပင်ကုန်း ရွာမှာက စစ်ခွေးတွေစခန်းချထားတယ်။ ရဲစခန်းလည်းရှိတယ်။ ဆရာမလေးကို မုဒိမ်းကျင့် သတ်ဖြတ်တာ မျိုးဝင်းဆိုတဲ့ ထန်းပင်ကုန်းအုပ်စု အရှေ့ကုန်းရွာ ပျုစောထီးလည်းပါတယ်။ စစ်ခွေး တွေ ရဲတွေလည်းပါတယ်။ မုဒိမ်းပြုကျင့်တာကို မျက်မြင်တွေ့တဲ့သူတွေဆီက အတည်ပြု ချက်ရ တယ်။ ဆရာမလေးကို စစ်တပ်က သတ်တာက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီပါ။ ဆရာမလေးကို လိုက်ပါ စောင့်ရှောက်ဖို့ ထည့်ပေးလိုက်တဲ့ ရဲဘော် ၂ ဦးကို ဇန်နဝါရီလ ၂၉ ရက်နေ့ စစ်ဆေးရေးဂိတ်မှာ စစ်ခွေးတွေက တစ်ခါတည်း ပစ်သတ်လိုက်တယ်” ဟု PDF သတင်းရင်းမြစ်က ပြောသည်။

CDM သူနာပြု ဆရာမ မမေဇွန်မိုးသည် အုတ်ဖိုမြို့နယ် ဥသျှစ်ကုန်းကျေးရွာအုပ်စု ကြပ်ကွင်း ရွာတွင် နေထိုင်သူ ဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့ သဖြင့် စစ်တပ်က ဖမ်းဝရမ်းထုတ်သောကြောင့် အုတ်ဖို မြို့နယ်အတွင်း တိမ်းရှောင် နေထိုင် နေရသူဖြစ်ကြောင်း သိရသည်။

စစ်တပ်က မုဒိမ်းကျင့် ပစ်ခတ်သတ်ဖြတ်ခဲ့သော CDM သူနာပြု ဆရာမ မမေဇွန်မိုး၏ ခင်ပွန်း ဖြစ် သူ ကိုအောင်ဇင်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဦးဆောင်မှုဖြင့် စစ်တပ်က ဖမ်း ဆီးခဲ့ကြောင်း၊ လက်ရှိတွင် ပုဒ်မ ၅၀၅ (က)ဖြင့်ထောင်ဒဏ် ၃ နှစ်ကျခံနေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article