28 C
Yangon

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးစေခဲ့သော ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာ ထိပ် ရှိ စစ်တပ်ဂိတ် ပစ်ခတ်မှု ဝေါ PDF ၏ တိုက်ခိုက်မှုဟုဆို

Must read

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးစေခဲ့သော ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာ ထိပ် ရှိ စစ်တပ်ဂိတ် ပစ်ခတ်မှု ဝေါ PDF ၏ တိုက်ခိုက်မှုဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေ ဆုံးစေခဲ့သော စစ်တပ် စစ် ဆေးရေး ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှုမှာ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက် ခြင်းဖြစ်ကြောင်း ပဲခူး PDF က ကြေညာသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် ဝေါမြို့နယ် ဘုရားပျို ကျေးရွာ အထွက်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စုပေါင်းလုံခြုံရေး ယူထား သည့် စစ်ဆေးရေးဂိတ်ကို ဝေါမြို့နယ် ပကဖက ဝင်ရောက် တိုက်ခိုက် ခဲ့ပြီး ရာအိမ်မှူး ၁ ဦးနှင့် မီးသတ် ဝန်ထမ်း ၂ ဦး ပွဲချင်းပြီး သေ ဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ၁ ဦး၊ ဒုရဲအုပ် ၁ ဦး နှင့် ပျူစောထီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ အရေး ပေါ်အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် ပို့ဆောင်ထားရကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို ဝေါမြို့နယ် ပကဖ က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article