39 C
Yangon

ရေစကြိုတွင် စစ်တပ်အထိုင်စခန်းချပေးရန် သွားရောက် တင်ပြသော ပျူစော ထီး ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံး ၊ မင်းရွာ စစ်တပ်စခန်းကို PDF များက ဝင် ရောက် တိုက်ခိုက်

Must read

ရေစကြိုတွင် စစ်တပ်အထိုင်စခန်းချပေးရန် သွားရောက် တင်ပြသော ပျူစော ထီး ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံး ၊ မင်းရွာ စစ်တပ်စခန်းကို PDF များက ဝင် ရောက် တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မကွေးတိုင်း ၊ ရေစကြိုမြို့နယ်၊ အလယ်သောင်ကျေးရွာအုပ်စု၊ ဂွက်ကြီးကျေး ရွာ တွင် စစ်တပ် အထိုင် စခန်း အထိုင်ချရန် သွားရောက် တောင်းဆိုထားသော ပျူစောထီး ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Myingyan Black Tiger (MBT)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ ည ၁၁ နာရီအချိန် ရေစကြိုမြို့နယ်၊အလယ်သောင် ကျေး ရွာအုပ်စု၊ဂွက်ကြီးကျေးရွာမှ ပျူစောထီး ခေါင်းဆောင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၅ ဦးကို Myingyan Black Tiger (MBT)က ပစ် ခတ် ရာ သေဆုံးသွားကြောင်း၊ အဆိုပါ ၅ ဦးသည် စစ်တပ်၏ အဓိက အားကိုး ရသူ များဖြစ်ပြီး လက်နက်ကိုင်ဆောင်၍ ဆင်မရဲကျေးရွာတွင် လုံခြံရေး ယူခဲ့ဖူး သူများဖြစ်ကြောင်း၊ အဆိုပါ ၅ ဦးသည် ပြည်သူလူထုကို နှိပ်စက်ခြင်း၊ငွေညစ် တောင်းဆိုခြင်း၊စစ်တပ်နှင့်ပူးပေါင်း၍ PDFများ တိုက်ခိုက်ခြင်း များပြုလုပ် လျက် ရှိကြောင်း သက်သေနှင့်တကွ တိုင်ကြားလာသဖြင့် သွားရောက် ပစ်ခတ် ရာမှ သေဆုံးခြင်း ဖြစ်ကြောင်း သိရှိရသည်။

“အုပ်ကြီးနဲ့ အမျိုးသမီး ၁ ဦး က လွတ်သွားတယ်။ ကျန်တဲ့ ၅ ဦးကတော့ သေ သွားတယ်။ လက်နက်တော့ မရလိုက်ဘူး” ဟု Myingyan Black Tiger (MBT)မှ တာဝန်ရှိသူက ရှင်းပြသည်။

ထို့ပြင် ယနေ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာရှိ စစ်တပ်နှင့်ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက် ခိုက်ခဲ့ကြောင်း Thway Thauk Revolution Forces အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၇ နာရီအချိန် ရေစကြိုမြို့နယ် မင်းရွာရှိ ပျူစောထီးနှင့်စစ်တပ် စခန်းကို ThwayThauk Revolution Forces ပခုက္ကူ ခရိုင် တပ်ရင်း၁၀ တပ်ခွဲ၂ နှင့် လက်ရုံးတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၅၇ မိနစ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သားများ ထိခိုက်သေ ဆုံး မှု ရှိသော်လည်း အရေ အတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article