39 C
Yangon

မတ္တရာတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ရေစကြို တွင် ရဲစခန်းနှင့် စစ်တပ် တပ်စွဲထားသော နေရာကို PDF က တိုက်ခိုက်

Must read

မတ္တရာတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ရေစကြို တွင် ရဲစခန်းနှင့် စစ်တပ် တပ်စွဲထားသော နေရာကို PDF က တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မန္တလေး၊ မတ္တရာမြို့နယ်၊ ကျွန်းပင်ကျေးရွာကို နယ်မြေရှင်းလင်းရန် လာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးကြောင်း ဒုဌဝတီ တော် လှန်ရေးအင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မတ္တရာမြို့နယ်၊ ကျွန်းပင် ကျေးရွာ ကို နယ်မြေရှင်းလင်းရန်လာသည့် အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်းကို ကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်၊ ဒုဌဝတီ တော်လှန်ရေးအင်အားစု၊ ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးတပ်၊ ကောင်းကင်တော်လှန်ရေးအင်အားစုတပ်ခွဲ ၁ တို့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၂ စည်ပင်သာယာရပ်ကွက်ရှိ ရုံး ပေါင်း စုံတွင် တပ်ဆွဲနေထိုင်သော စစ်သားများကို Myingyan Black Tiger (MBT)က အဝေးပစ် လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း MBT အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် စစ်သားများ တပ်စွဲထား သော ရုံးပေါင်းစုံကို MBT အဖွဲ့က အဝေးပစ် ပုခုံးထမ်းများ၊ ရှေ့ထွတ် လောင် ချာများ၊ ၄၀ မမများ၊ လက်နက်ငယ်များနှင့် သွားရောက် ပစ်ခတ် တိုက်ခိုက် ခဲ့ပြီး စစ်သား အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက် ခိုက်မှု ကြောင့် ရေစကြိုမြို့ပေါ် ဆေးရုံတွင် စစ်သား ၄ ဦး အသက်လု ကုသနေရ ကြောင်း သိရှိရသည်ဟု MBT အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းငယ်ရဲစခန်းကို ကာကွယ်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ရေစကြိုမြို့နယ်၊ ပခန်းငယ် ရဲစခန်းကို ကာကွယ်ရေး တပ်ဖွဲ့များက ၃ ကြိမ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို Salingyi Special Task Force (SSTF) တပ်ခွဲ Spaceman Salingyi Drone Army(SSDA)၊ Hundred ပြောက်ကျားတပ်ခွဲ၊ ခွဲ ၃ Phoenix ပြောက်ကျား တပ်ဖွဲ့တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article