39 C
Yangon

ရန်ကုန်၊သာကေတ ရပ်ကွက်ရုံးနှင့် နှင့် တာချီလိတ် ကြံ့ဖွတ်ရုံးတို့တွင် ဗုံးများ ပေါက်ကွဲပြီး လူ ၇ ဦးဒဏ်ရာရ ၊ ရန်ကုန်လေဆိပ်တွင် လူငယ် ၂ ဦးကို စစ်တပ် က ရိုက်နှက် ဖမ်းဆီး

Must read

ရန်ကုန်၊သာကေတ ရပ်ကွက်ရုံးနှင့် နှင့် တာချီလိတ် ကြံ့ဖွတ်ရုံးတို့တွင် ဗုံးများ ပေါက်ကွဲပြီး လူ ၇ ဦးဒဏ်ရာရ ၊ ရန်ကုန်လေဆိပ်တွင် လူငယ် ၂ ဦးကို စစ်တပ် က ရိုက်နှက် ဖမ်းဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ရန်ကုန်၊ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်ရုံးနှင့် နှင့် ရှမ်းပြည်နယ်၊ တာချီ လိတ် ကြံ့ခိုင်ရေးရုံးတို့တွင် ဗုံးများပေါက်ကွဲပြီး လူ ၅ ဦးဒဏ်ရာရကြောင်း စစ် တပ် ၏ သတင်း ထုတ်ပြန်ချက်များနှင့် ဒေသပြည်သူများ၏ ဆက်သွယ် ပြော ဆို မှု များအရ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်တွင် သာကေတမြိုနယ်၊ ၄/ တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ အသံအလွန်အရမ်းကျယ်လောင် ပြီး မြေကြီးတုန်ခါမှုပါ ခံစားရကြောင်း၊ ယင်းနောက် ပစ်ခတ်သံများနှင့်လူနာတင်ကား အသံများပါ ကြားရ ကြောင်း ဒေသပြည်သူများက ပြောသည်။

“မနေ့ည ၁၀ နာရီ ၃၀ မှာ ဗုံးပေါက်တာ အရမ်းကိုကျယ်တာ။ ည ၁၀ နာရီ ၄၀ မှာလည်း ထပ်ပေါက်သံကြားတယ်။ ည ၁၀ နာရီ ၃၅ မိနစ်မှာ သေနတ်ပစ်သံ ၃ ချက်၊ ၄ ချက်သံကြားရတယ်။ နောက်ပြီးတော့ လူနာတင်ကားသံကြားရတယ် ည ၁၁ နာရီ ၄၀ မှာ သေနတ်ပစ်သံထပ်ကြားရတယ်။ လူထိတယ်လို့ ကြားတယ်။ ဘယ်သူတွေ အပစ်ခံရပြီး ဘယ်လိုထိကြလဲဆိုတာတော့ မသိရဘူး” ဟု ဒေသ ပြည်သူတစ်ဦးက ပြောသည်။

စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင်မူ သာကေတမြိုနယ်၊ ၄/ တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် “ကိုင်ရဲကိုင်သေမှာပဲ” စာသား ပါကတ္ထူပြားနှင့် ကြွပ်ကြွပ်အိတ်အနက်တစ်လုံးချိတ်ထားသဖြင့် လုံခြုံရေး တပ်ဖွဲကရှင်းလင်းရာ အိတ်အတွင်းမှ အရက်ပုလင်းခွံသုံးလုံးနှင့် ဝါယာကြိုးများထည့်ထားသော ဗုံးအတုကိုတွေ့ခဲ့ရကြောင်း၊ ရုံးဝဲဘက်ခြံစည်း ရိုးတွင် သံပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်ဗုံးတစ်လုံး၊ယာဘက်ခြံစည်းရိုး တွင် PVC ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်ဗုံးတစ်လုံးကိုတွေ့သဖြင့် ဖောက်ခွဲ ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အလားတူ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ် စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ လူငယ် ၂ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးခဲ့ ကြောင်း လေဆိပ်အနီးရှိ ပြည်သူတချို့က ပြောသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ကားဖြင့် လာ သည့် လူငယ် ၂ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ် ၏ သတင်းထုတ်ပြန်ချက်တွင်မူ လက်လုပ်ဗုံးများ တွေ့ရှိရ၍ ဖမ်းဆီးသည်ဟု ဖော်ပြထားကြောင်း သိရှိရသည်။

” မနေ့ ညနေပိုင်း လေဆိပ်အဝင် မှတ်ပုံတင်ထားပြီး ပြန်ယူရတဲ့ လေဆိပ်ထဲ ဝင်တဲ့ဂိတ်အခြမ်းဘက်မှာ ကားတစ်စီးက ကျနေတယ်။ ကားတံခါးလည်း ပွင့်နေတယ်။ မနေ့ ညနေ ၇ နာရီ လောက်မှာ လေ ဆိပ် ပိတ်ထားသေးတယ်။ ထိုးကျနေတဲ့ ကားက အမည်းရောင်။ မှောင်ကလည်း မှောင်နေတယ်။ စစ်ခွေး တွေက လည်း ဝိုင်းထားတယ်ဆိုတော့ ဘာဖြစ်မှန်းသေချာမသိခဲ့ရဘူး။ ကား ပေါ် မှာ လူတော့ မတွေ့ဘူး” ဟု ယမန်နေ့ ဖြစ်စဉ်ကို မျက်မြင် တွေ့ရှိရသူ တစ်ဦးက ပြောသည်။

လေဆိပ်ဘက်ရောက်ရှိခဲ့သော ကားသမားတချို့ကမူ စစ်တပ်က ယမန်နေ့ ညနေ ပိုင်း ရန်ကုန်လေဆိပ် စစ်ဆေးရေးဂိတ်တွင် လူငယ် ၂ ဦးကို ရိုက်နှက် ဖမ်းဆီးခဲ့သည်ကို မြင်တွေ့ခဲ့ရသည်ဟု ဆိုကြသည်။

ထို့အတူ ယမန်နေ့ ညပိုင်း ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မကာအိုခမ်းရပ် ကွက်ရှိ ကြံ့ဖွတ်ရုံးကို အရှေ့ပိုင်းနဂါးအဖွဲ့ က ၅ ကြိမ် ဗုံးခွဲတိုက် ခိုက်ခဲ့ ကြောင်း အဆိုပါ အဖွဲ့က ကြေညာသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်အချိန် ကြံ့ဖွတ်ရုံး အနီးတွင် ဗုံး ၁ လုံး စတင်ခွဲခဲ့ပြီး စစ်ဆေးရေးများ လာရောက်ချိန်တွင် ဗုံး ၃ လုံးကို ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ၊ ဖေဖော် ဝါရီ ၂၇ ရက်နေ့ ည ၉ နာရီ ခွဲအချိန်တွင် ဗုံးပေါက်ကွဲမှု ၃ ကြိမ်၊ ည ၉ နာရီ မိနစ် ၅၀ ခန့်တွင် ၁ ကြိမ် နှင့် ည ၁၁ နာရီအချိန်ခန့်တွင် ‌၁ ကြိမ် စုစုပေါင်း ၅ ကြိမ် ဆက်တိုက် ဖောက်ခွဲ ခဲ့ကြောင်း သိရှိရသည်။

တာချီလိတ် ကြံ့ဖွတ်ရုံးအနီး ဗုံး ပေါက်ကွဲမှုကြောင့် ရပ်ကွက် အုပ်ချုပ်ရေး မှူးအပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၇ ဦးတွင် ရပ်ကွက် အုပ်ချုပ် ရေးမှူး ၁ ဦး၊ ကြံ့ဖွတ်ပါတီဝင် ၁ ဦး၊ စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦး၊ လူ ၄ ဦးတို့ မစိုးရိမ်ရဒဏ်ရာရရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article