“သွေးမြေကျတဲ့ ၂၈ ဥဒါန်းမကျေတဲ့ သမိုင်းသစ်” စာတန်း ကိုင်ဆောင်ကာ လောင်းလုံးတွင် တော်လှန်လူငယ်များ ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် “သွေးမြေကျတဲ့ ၂၈ ဥဒါန်းမကျေတဲ့ သမိုင်းသစ်” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲသည် ထားဝယ်ခရိုင် လူထုသပိတ် လှုပ်ရှားမှု အတွင်း အစောဆုံးကျဆုံးခဲ့သည့် ပြည်သူ့ ဒီမိုကရေစီ သူရဲကောင်း ၄ ဦးအား အောက်မေ့ဂုဏ်ပြုခြင်း အထိမ်းအမှတ်အဖြစ် ချီတက် ဆန္ဒပြခဲ့သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထားဝယ်ခရိုင်လူထုသပိတ်မှ ကိုဗညား(အသက်-၃၉ နှစ်)၊ ကိုဖေသန်း(၃၈ နှစ်)၊ ဂျွန်မာခမ်(၃၆ နှစ်)နှင့် ကိုလွင်လွင်ဦး(၃၄ နှစ်)တို့ ရဲဘော်(၄)ဦးအပါအဝင် နိုင်ငံတဝှမ်း သပိတ်လှုပ်ရှားမှုအတွင်း အရပ်သားပြည်သူ ၁၅ ဦးထက်မနည်း ကျဆုံးခဲ့သည်။





